Wednesday, April 29, 2009

Saffron Revolution (Wallpaper)

ဒီတစ်ခါကတော့ ရွှေဝါရောင် တော်လှန်ရေး wallpaper လေးပါ။ ကျနော် တလောက ကျနော့် ကွန်ပျူတာ ထဲကို GIMP သွင်းထားသေးတယ်။ Photoshop က အမေရိက ရောက်လာပြီဆိုတော့ အရင်လို သွင်းထားဖို့ သိပ် အဆင်မပြေလို့ပါ။ :D

နောက်ကျတော့ သူက Photoshop လိုပဲ... ဖွင့်ရတာ လေးတာနဲ့ သိပ်လည်း မသုံးဖြစ်တာနဲ့ ကျနော် ပြန် Uninstall လုပ်ပစ်လိုက်တယ်။ အခု ဒီပုံကျတော့ ရွာလည်တာပေါ့။ မူရင်း ဓါတ်ပုံကို ကျနော် ဘေးက ဓါတ်ပုံ အနားတွေ ပျောက်သွားအောင် Brush နဲ့ တိုက်ပစ်လို့ မရတော့ဘူး။ အဲဒါနဲ့ Picasa ကို သုံး... effect တွေ တပုံကြီး ထည့်ပြီး နောက်ဆုံးမှာ ဒီဟာ ထွက်လာတာပါပဲ။ ဒီတစ်ခုကတော့ တော်တော်လေး ကြာကြာ အချိန် ပေးလိုက်ရတယ်။ အစက ဘေးပိုင်းကို သင်္ကန်းရောင် ထားမလားလို့... ဒါပေမဲ့ အနက်ရောင်ပဲ ကောင်းတယ် ထင်လို့ ဒီအရောင် ထားလိုက်တယ်။

Saffron Revolution (wallpaper)(1280:1024)(jpg)

Creative Commons License
Saffron Revolution (wallpaper) by Htoo Myat is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 United States License.
Based on a work at htoomyat.blogspot.com.
Permissions beyond the scope of this license may be available at http://htoomyat.blogspot.com/.

ဆွဲချမယ်ဆို ပုံပေါ်က Click ပြီး ပုံချည်းသာ ရှိတဲ့ စာမျက်နှာကို ရောက်သွားရင် ပုံပေါ်မှာ ဘယ် Click နှိုပ်ပါ။ နောက် အဲဒီထဲက Save as ဆိုတာကို ရွေးချယ်ပြီး လိုချင်တဲ့ နေရာမှာ ဖိုင်ကို သိမ်းယူနိုင်ပါတယ်။

Tuesday, April 28, 2009

Doe Lone (wallpaper)


Doe Lone (wallpaper)(1280-1024)(jpg)

Creative Commons License
Doe Lone (wallpaper) by Htoo Myat is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 United States License.
Based on a work at htoomyat.blogspot.com.
Permissions beyond the scope of this license may be available at htoomyat.blogspot.com.

တစ်ခေတ် ဖြစ်ခဲ့တယ်လို့ ယူဆတဲ့ ဒိုးလုံးအတွက် အမှတ်တရ wallpaper ပါ။ အကြိုက်ဆုံး အဆိုတော် တွေထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ပြီး အသေစော သွားတဲ့ အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အရိုးထိအောင်ရူး နဲ့ တခြားအခွေတွေတုန်းက မသိခဲ့ပါဘူး။ အကောင်းဆုံး တေးများ ဆိုတာ ထွက်မှ သူ့သီချင်းတွေ နားထောင်ဖူးတာပါ။ ကောင်းလှချည်လား ဆိုပြီး စောင့်ကြည့်နေတော့မှ နောက်ကျသွားပါပြီ။ ၂၀၀၃ မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ထုံးစံအတိုင်း ပုံကို Click လုပ်ပြီး Save file နဲ့ သိမ်းယူနိုင်ပါတယ်။ ဒီ wallpaper လေးကို ပုံစံ ပေါင်းစုံနဲ့ စမ်းကြည့်ပြီး နောက်ဆုံးမှ အရှင်းလင်းဆုံး ပုံစံလေးကို ရွေးပြီး အခုလို တင်လိုက်တာ ဖြစ်ပါတယ်။ Font သုံးမျိုးပါပါတယ်။ Zawgyi-one, Myawaddy 13 နဲ့ Buffied ဆိုတဲ့ font သုံးခုပါ။ ဓါတ်ပုံကတော့ အရိုးထိအောင်ရူး ဆိုတဲ့ အခွေ ကာဗာက ပုံ ဖြစ်ဖို့များပါတယ်။

လွမ်းတတ်တဲ့ နံရံ


နေပူတဲ့ နေ့တွေဆို အတော်လေး အိပ်ငိုက်တယ်။ အေးတဲ့နေ့တွေရော မငိုက်ဘူးလားဆိုတော့ တူတူပါပဲ။ စာရင်းတွေ တွက်ရတာလောက် အိပ်ငိုက်တဲ့အလုပ် ရှိဦးမလား။ ဒါပေမဲ့ ဗိုလ်ထိုင်အိမ်သာ ဆိုတော့ အဖုံးဖုံးပြီး တက်ထိုင်နေလိုက်ရင် ခုံမှာ ထိုင်နေရသလိုပဲဆိုတော့ မဆိုးပါဘူးလေ။ ဘေးကို လှည့်ကြည့်တော့ နံရံ ဖြူဖြူကြီးကလည်း ဖွေးဖွေးကြီး ရှိနေတယ်။ တကယ်ဆို အိမ်သာနဲ့ လိုက်အောင် ညစ်နွမ်းနွမ်းလေး ဖြစ်နေသင့်တယ်။

ကျောင်းတုန်းက ယောင်္ကျားလေး အိမ်သာဆို ကော်ရစ်ဒါ အဆုံးမှာ ရှိတာပေါ့။ အခု သင်္ချာအချိန်ဆို ဆရာက သင်တာ ပျင်းစရာကောင်းတယ်။ တစ်တန်းလုံး ငိုက်နေကြလည်း စကားမပြောနေကြရင် ပြီးတာပဲ ဆရာလည်း ဘာမှမပြောဘူး။ တကယ်တော့ စကားမများရပဲ အိပ်ငိုက်ရတာထက်စာရင် အိမ်သာထဲမှာ ဆေးလိပ်ခိုးသောက် ရတာကို ပိုသဘောကျမိတယ်။ အဲဒါနဲ့ အိမ်သာထဲ ရောက်နေကြတာပေါ့။ အိမ်သာနံရံမှာ မင်းထက်က စန္ဒီလွင်ကို ချစ်တယ် ဆိုပြီး ထောက်ချွန်နဲ့ ခြစ်ပြီးရေးနေတယ်။ အောက်နည်းနည်း နိမ့်နေတဲ့ အဲဒီ စာတန်းကို ပွကြီးက သေးနဲ့ပန်းလိုက်တော့ မင်းထက်က အေပေး ဆိုပြီး ဆဲလိုက်တယ်။ ပွကြီးဆိုတာက ကျော်ထက်ပေါ့။

ပွကြီးလည်း တခါတလေ ဆေးလိပ် ယူလာနေကျပဲ။ ဒါပေမဲ့ သူယူလာ တတ်တာက နည်းနည်းပါ။ တလောက သူ့အဖိုး ဆေးပြင်းလိပ် ဆိုတာကြီး ယူလာသေး။ ဖွာတောင် မဖွာလိုက်ရပါဘူး။ ဟိုကောင်တွေက ပြောပြတာ... အဲဒီနေ့က မြန်မာသဒ္ဒါတွေ မပြီးသေးလို့ စာကူးနေတာနဲ့ အိမ်သာထဲ မလာနိုင်လိုက်တာ။

ဆေးလိပ် မသောက်နေလည်း အိမ်သာထဲမှာ ဘယ်လိုမှ မနေနိုင်ဘူး။ မိန်းကလေး အိမ်သာတော့ ဘယ်လိုနေမယ် မသိပေမဲ့ ယောင်္ကျားလေး အိမ်သာကတော့ အတော်လေး အနံ့ပြင်းတယ်။ ဆယ်တန်းက ဆရာပြောင်ကြီးကတော့ သူ့အတန်းက ကျောင်းသားတွေကို တခါတလေ အိမ်သာဆေးခိုင်းတယ် ဆိုပဲ... တခါတလေတော့ ၁၀ တန်းအကိုကြီးတွေ အိမ်သာဆေးနေတာ တွေ့ရသား။ တခြားဆို ဘယ်တော့မှ၊ ဘယ်သူမှ ဆေးနေတာ မတွေ့ခဲ့ဖူးဘူး။ ဒီ အကိုကြီးတွေ အိမ်သာလာဆေးတာ ကလည်း ဘာမှ သေချာ မဆေးပါဘူး။ အိမ်သာထဲက ထွက်မလာပဲ ဟေးလားဝါးလားနဲ့ ဘယုတ်ကျ နေကြတာပါပဲ။ ဆရာ ဝင်လာမှာတော့ မပူရဘူးလေ... ဆရာတွေရဲ့ အိမ်သာက တစ်ဖက်လမ်းမှာ။ တကယ်တော့ ဆရာပြောင်ကြီးနဲ့ နောက်ထပ် ၃ နှစ်ဆို တွေ့ရတော့မှာပေါ့။ စာမေးပွဲသာ မှန်မှန် အောင်ခဲ့ရင် ပြောပါတယ်။ ဒီအုပ်စုကို အိမ်သာ လာဆေးခိုင်းလို့ကတော့ ပျော်သည်လို့ပဲ အော်ကြမှာပဲ။

မင်းထက်က မသောက်တတ်သေးပဲ အခုမှ စသောက်ကျင့်နေတော့ တစ်ချိန်လုံး အဟွတ် အဟွတ်နဲ့ ချောင်းဆိုးနေတယ်။ အသံ သိပ်မထွက်ဖို့ လှမ်းပြောလိုက်ရတယ်။ မော်နီတာကောင်ကိုတော့ သတိထားရမယ်။ ဆရာမ မျက်နှာရဖို့ တစ်ချိန်လုံး ခြင်းတောင်း လိုက်ဆွဲပေးနေတဲ့ကောင်။ တခါက အိမ်သာထဲ ဆေးလိပ်ခိုးသောက်ကြတာကို ဒီကောင် လက်တို့လိုက်လို့ အတန်းပိုင် ဆရာမက ခြေသလုံးကို ကြိမ်စာကျွေးတာ ခံလိုက်ရသေးတယ်။ တကယ်ဆို အဲဒီနေ့က လပတ် စာမေးပွဲအတွက် ကောင်းထက်အောင် အဒေါ် မိတ္တူဆိုင်မှာ ချုံ့လာတဲ့ စာရွက်လေးတွေပါ တခါထဲ အိမ်သာထဲမှာ မျှတာ... အဲဒါကို ရှာမတွေ့သွားပဲ ဆေးလိပ် ခိုးသောက်တာပဲ မိတာ တော်သေးတာပေါ့။

ထမင်းစားဆင်းတော့မယ်။ ပွကြီးက သူ့လုံချည်ကို ချွတ်ပြီး အသင့် ကိုင်ထားလိုက်တယ်။ အောက်က ဘောင်းဘီကတော့ သူ့အကြိုက်ဆုံး မန်ယူ ဘောင်းဘီ ဆိုတာပေါ့။ ဘယ်တော့မှ တခြားဘောင်းဘီ ဝတ်တာမတွေ့ရဘူး။ ဒီကောင်လည်း ဘောလုံးကန် ကောင်းတယ်။ တခါလောက် အခွင့်ရရင် ဒီကောင် ဒေါခီးသွားအောင် သူ့ဘောင်းဘီကို ဆေးလိပ်မီးနဲ့ တို့လိုက်ချင်သေးတယ်။ အိမ်သာ တံခါးဝမှာ စောင့်လိုက်၊ ဆေးလိပ် ဝင်ဖွာလိုက် လုပ်နေတဲ့ ကောင်းထက်အောင်ကလည်း သူ့မျက်လုံး ပြူးပြူးနဲ့ ကော်ရစ်ဒါ တစ်လျှောက်ကို ကြည့်နေတယ်။ ဆေးလိပ် ကိုင်တဲ့လူက အိမ်သာပေါက်နားမှာ နေပြီး ဆေးလိပ်ကို ပစ်ချ၊ ရေလောင်းချပြီး ဖျောက်လိုက်တာနဲ့ ပွကြီးက အရေးကြုံရင် သူ့လုံချည်နဲ့ အငွေ့တွေကို ယပ်ခပ်ပြီး ဖျောက်ပစ်မလို့ပေါ့။ အလကားပါ။ တကယ်တော့ ဘယ်သူမှလည်း မလာပါဘူး။

မင်းထက် ယူလာတဲ့ ထောက်ချွန်လေးကို တောင်းပြီး သီရိထွန်းကို ချစ်တယ် ဆိုပြီး ရေးလိုက်တယ်။ ဒီတစ်လှည့်တော့ ပွကြီးကို လန့်လို့ ခပ်မြင့်မြင့်မှာ ရေးလိုက်တယ်။ နံရံက ဆေးမသုတ်ထားတဲ့ ဘိလပ်မြေ နံရံ ညိုညိုကြီး ဆိုတော့ မြေဖြူနဲ့ ရေးရင်တော့ ပိုပေါ်တာပေါ့။ ဒါပေမဲ့ မြေဖြူမရှိတော့ ရှိတာနဲ့ပဲ ရေးတယ်။ ဒီ သေးပေါက်တဲ့ နေရာမှာတော့ စာတွေချည်းပဲ။ အိမ်သာခန်းတွေ ထဲမှာတော့ အကိုကြီးတွေ လက်စွမ်းပြ ထားကြတဲ့ ကိုယ်တုံးလုံးပုံတွေ ရှိလေရဲ့။ သူတို့လည်း ဘာတတ်လို့လဲ... အဓိက နေရာတွေ ပေါ်အောင် ဆွဲထားလို့သာ ဘာပုံမှန်းသိတာ မဟုတ်ရင်တော့ မော်ဒန်ပန်းချီပဲ။

ဒီနေ့လည်း သီရိထွန်း သူ့ကျောင်းကားဆီ သွားရင် ငါတို့ လိုက်ကြဦးမလားလို့ မေးတော့ ဘယ်သူမှ ဘာမှ ပြန်မပြောကြဘူး။ သီရိထွန်း အဒေါ်က ၅ တန်းက ဆရာမလေ။ တစ်နေ့က တွေ့လိုက်တာ ငါ့တူမကို လိုက်စကားပြောနေတာ နင်တို့ကို ငါ ကျောင်းအုပ်ကြီး ရုံးခန်း ပို့လိုက်ရမလား ဆိုလို့ အကုန်လုံး လန့်နေကြတာ။ ဆေးလိပ်မီးက အစီခံနား ကပ်လာတာ လက်တောင် ပူလာတယ်။ ပွကြီး အနားကပ်လာတာ ဆေးလိပ် လုမလို့ဆိုတာ သိတာပေါ့။ တစ်ဖွာလောက် ဖွာလိုက်ပြီး အိမ်သာထဲ ပစ်ချလိုက်တော့ သူ့အလှည့် ရတာနဲ့ ပွကြီးက အေပေးလို့ ဆဲလိုက်ပြန်တယ်။ လှည့်ပြီး သွားဖျီးပြလိုက်တဲ့ အချိန်မှာပဲ ထမင်းစားဆင်းချိန် ခေါင်းလောင်း ခေါက်တယ်။

သူငယ်ချင်းတွေ ထမင်းချိုင့် ရှိသူက အတန်းထဲ ပြန်စား၊ အိမ်ပြန် စားမဲ့ လူတွေက အပြင်ထွက်သွား၊ မုန့်ဈေးတန်းမှာ ဝယ်စားမဲ့လူတွေက မုန့်ဈေးတန်းသွားနဲ့ တစ်ယောက် တစ်လမ်းစီ ရောက်ကုန်ကြတယ်။

လက်ပတ်နာရီကို မော့ကြည့်လိုက်တော့ ၁၂ နာရီတောင် ထိုးတော့မယ်။ မန်နေဂျာဟာ သိပ်စိတ်ပျက်စရာ ကောင်းတယ်။ သူ့ဟာသူ အပေါ်က မြန်မြန် မလုပ်နိုင်လို့ အလုပ်တွေ ပုံနေတာနဲ့ အောက်က လူတွေပါ လာလာပိတယ်။ ဘော့စ်က တခါတလေ လာလာ ပွမ်ချင်သေးတယ်။ တခါတလေတော့ ပွကြီး ဆဲသလို အေပေးကြီးတွေလို့ ဆဲချင်စိတ်တောင် ပေါက်လာသေး။ စိတ်ပျက်လက်ပျက်နဲ့ အိမ်သာထဲ တစ်ယောက်တည်း ဝင်ဝင်ထိုင်နေဖြစ်တယ်။ နေ့လည်စာ စားချိန်မှ ပြန်ထွက်တော့မယ်။

ရုံးအပြင်မှာမှ ဆေးလိပ် သောက်ရမယ် ဆိုလို့ ဆေးလိပ်တော့ ခိုးမသောက်ဖြစ်တော့ဘူး။ နံရံမှာလဲ သီရိထွန်းကို ချစ်တယ်လို့ မရေးဖြစ်တော့ပါဘူး။ အိမ်သာကတော့ အနံ့လေး သင်းသင်းလေးနဲ့ နံရံက ဖြူဖြူဖွေးဖွေးလေးရယ်။

Thursday, April 23, 2009

Stronghold Crusader (Facing AI Players) 2

Wolf အထိ ရေးပြီးသွားပါပြီ။ ကျနော် ဒီမှာ ရေးဖို့ကို ပြန်ပြန် ဆော့ရင်း သတိထားမိတာက... အချိန်တွေ ကြာလာတဲ့အမျှ ကျနော် တင်ပြထားတဲ့ ခံတပ် တည်ဆောက်ပုံ အပေါ်မှာပဲ ဆင့်ကဲ ဆင့်ကဲပြီး အကာအရံတွေ များများလာတာကို တွေ့တွေ့လာရပါတယ်။ အဲဒီတော့ အချိန် ကြာလေလေ တချို့ တချို့တွေက ဖောက်ရ ခက်ခဲလာလေလေ ဖြစ်လာတတ်ပါတယ်။ သတိထားစရာပါ။

Saladin

Saladin ရဲ့ Description မှာကိုက Desert Economy ကို ကောင်းကောင်း လည်ပတ်နိုင်တဲ့ Lord တစ်ယောက် အဖြစ် ပြောထားပါတယ်။ တကယ်လည်း တော်တော်လေးကို ကောင်းကောင်း လည်ပတ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုကို
အသားပေးထားတဲ့ အတွက်လည်း သူ့ရဲ့ ခံတပ် တည်ဆောက်ပုံဟာ တိုက်ခိုက်လို့ လွယ်ကူသွားရတာ ဖြစ်ပါတယ်။

အထက်မှာ မြင်ရတဲ့အတိုင်း သူ့ခံတပ် ပုံစံဟာ ရိုးရှင်းပါတယ်။ ဒါပေမဲ့ လောက်လွှဲနဲ့ ပစ်ခတ်ရ အခက်အခဲ ရှိပါတယ်။ သူ့ရဲ့ မျှော်စင် အဝိုင်းကြီးတွေပေါ်မှာ မြားပစ်လက်နက် တင်ထားတတ်လို့ပါ။ အဲဒါနဲ့ မမီတဲ့ နေရာမှာ Deploy လုပ်ထားရင်လည်း ပစ်လို့ မမီတော့ ပြန်ဘူး။ အခက်အခဲ ရှိပါတယ်။ ကျုံးက အရှေ့မှာ နည်းနည်းပဲ တူးထားပြီး တံခါးကို ကစားသူ player ဖက်က ကြည့်ရင် ကျောဖက်မှာ ဖောက်ထားတတ်ပါတယ်။ အဲဒီ အနောက်ကို ရောက်အောင် သွားဖို့ဟာ Heavy Infantry နဲ့ဆို မလွယ်ပါဘူး။


ကျနော်ပြောခဲ့တဲ့ သူ့ရဲ့ ပျော့ကွက်ကတော့ သူ့ရဲ့ ကုန်ထုတ်လုပ်မှု အဆောက်အအုံတွေပါ။ များလွန်းအားကြီးပြီး မြို့ရိုးအပြင်ကိုတောင် လျှံထွက်နေတတ်ပါတယ်။ မြို့ရိုး နံရံနဲ့ ကပ်ပြီး အိမ်တွေ၊ Mercenary Post၊ ဈေး တို့ကို ဆောက်ထားလေ့ ရှိပါတယ်။ တစ်ယောက်ကို ရွှေ ငါးပြားသာ ပေးရတဲ့ မီးတုတ်ကိုင် Arabian Slave တွေကို အနည်းဆုံး ၁၀ ယော
က် အများဆုံး ၂ဝ အထိ ဝယ်ပြီး မြေပုံရဲ့ တစ်ဖက်စွန်း ထောင့်ကို ခေါ်သွားပြီး မျက်နှာချင်းဆိုင်က မဝင်ပဲ နောက်ဖက်ကို ဘေးတိုက် ဝင်သင့်ပါတယ်။ ဝင်တဲ့နေရာမှာ မြို့ရိုးနား နီးလာလေလေ အကြိမ်ပေါင်း များစွာ Click နှိုပ် အမိန့်ပေးပြီး နီးရာ အိမ် တစ်အိမ်အိမ်ကို မီးရှို့ခိုင်းပါ။ အကြိမ်ပေါင်းများစွာ Click နှိုပ်ခိုင်းရတာက... သူတို့ဟာ လမ်းမှာ တွေ့ရင် တွေ့တဲ့ လူတွေကို မီးတုတ်နဲ့ ရိုက်သတ်နေတတ်တော့ နှောင့်နှေး ကျန့်ကြာပြီး အပေါ်က မြားသမားတွေ လှမ်းပစ်လို့ သေကုန်တတ်ပါတယ်။

Safe ဖြစ်ပြီး ငွေပိုကုန်တဲ့ နည်းလမ်း အနေနဲ့တော့ Arabian
မြင်းစီး မြားပစ် သမားတွေကို Slave တွေ မဝင်ခင်မှာ အခြား မြို့ရိုးဖက်ချမ်းကို Flank တစ်ခုခွဲပြီး အရင် ဝင်ခိုင်းပြီး မြားသမားတွေကို ဆွဲဆောင်ထားပါ။ အဲဒါဟာ Slave အသေအပျောက်နှုန်းကို လျှော့ချနိုင်ပါလိမ့်မယ်။ Timing မကိုက်ရင်တော့ မြွေပါလည်းဆုံး သားလည်း ဆုံးသလို အကုန် သေကုန်တတ်ပါတယ်။

မီးရှို့ဖို့က အဆောက်အဦး တစ်ခုခုပေါ့။ ဒါပေမဲ့ သူ့အနားမှာ
တခြား အဆောက်အအုံတွေ ဆက်စပ်နေဖို့ လိုပါတယ်။ အဲဒါမှ မီးက ပြန့်သွားပါလိမ့်မယ်၊ ဒါ့အပြင် နံရံကိုပါ ကျော်ပြီး ပြန့်သွားနိုင်တဲ့ အတွက် မြို့ရိုး အတွင်းပိုင်းမှာ ပြွတ်သိပ်နေတဲ့ အဆောက်အုံတွေပါ အကုန် မီးစွဲလောင် ကုန်ပါတော့တယ်။

တိုက်ခိုက်မှုကို တန်ပြန်ဖို့ အနေနဲ့က Saladin ရဲ့ တိုက်ခိုက်ပုံဟာ မြင်းစီး မြားပစ် Arabian တွေ တစ်ချက် တစ်ချက် ဖောက်ဝင်လာတတ်ပါတယ်။ မြို့ရိုး ဘေးကို ပတ်ပြီး စိုက်ခင်းတွေက အလုပ်သမားတွေကို ရှင်းပစ်တဲ့အတွက် ကုန်ထုတ် စွမ်းအား လျော့သွားတတ
်ပါတယ်။ ဒုတိယ အဆင့်အနေနဲ့တော့ Siege Weapon တွေရယ်၊ Arabian Sword Man (Heavy Infantry) တွေ တန်းစီပြီး လာတတ်ပါတယ်။ မျှော်စင်တွေ၊ တံတိုင်းတွေပေါ်မှာ Arabian Fire Thrower တွေ တင်ထားပါ။ အနားကပ်ပြီး တံတိုင်းကို လာဖျက်ရင် အပေါ်ကနေ မီးနဲ့ ပစ်ချနိုင်ပါတယ်။ Heavy Infantry တွေကို မြန်မြန်ဆန်ဆန်နဲ့ ရှင်းပစ်နိုင်တာဟာ မီးတောထဲမှာပဲ ဖြစ်ပါတယ်။

Caliph

တော်တော် စိတ်ရှုပ်စရာ ကောင်းပါတယ်။ သူနဲ့ တိုက်ရတာ ပွဲစကတည်းက စိတ်ပူနေရပါတယ်။ သူ့ ခံတပ် ကျတော့လည်း ပိစိလေးနဲ့ ဖောက်ရဖို့ဟာ နည်းနည်း လည်ပါတယ်။ စစချင်းကတည်းက စိတ်ညစ်ရတာဟာ ပွဲစပြီး သိပ်မကြာခင်မှာပဲ Arabian Slave တွေ လာပြီး ခံတပ်နဲ့ ဝေး
ဝေးမှာ ရှိနေတတ်တဲ့ ကျောက်မိုင်း၊ သံမိုင်း၊ စိုက်ခင်းတွေကို မီး လာလာ ရှို့တတ်တာပဲ ဖြစ်ပါတယ်။ သူက ပင်မ ခံတပ်ကြီးကို လာရင်မဆိုင်ပဲ ကွေ့ပတ်သွားပြီး မီးသွားသွား ရှို့နေတာ ဖြစ်တဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပါတယ်။


သူ့ခံတပ်မှာ မျှော်စင် အကြီး တစ်ခုမှ မသုံးပဲ မီးမြား ပစ်နိုင်တဲ့ မီးခွက်တွေ တင်ထားတဲ့ မျှော်စင် အဝိုင်း အမြင့်တွေကို အများကြီး သုံးထားတတ်ပါတယ်။ အပေါ်မှာ Fire Thrower တွေ တင်ထားတာတွေ၊ မြား မီးငြှိဖို့ မီးခွက်တွေ တင်ထားတာတွေ တွေ့ရတာနဲ့ သူ pitch တွေနဲ့ မီးလောင်ကွင်းတွေ ထောင်ထားတာကို သဘောပေါက်ရပါမယ်။ Infantry နဲ့ ဝင်ရင် တပ်လုံးပြုတ်မဲ့ ခံတပ်မျိုးက တစ်မျိုးပါ။ Catapult တွေ သုံးပြီး အရင်ဖြို၊ မီးလောင်လို့လည်း ဆုံးရှုံးမှု သိပ်ရှိမှာ မဟုတ်တဲ့ ဈေးချိုချို infantry ကို အရင်လွှတ်။ ဒါမှမဟုတ် assassin တွေ လွှတ်နိုင်ပါတယ်။ ခံတပ်အထူကတော့ တစ်ထပ်တည်းပါ။ အင်မတန် ပါးလွှာပါတယ်။

ဆက်ပါဦးမယ်... အမလေးဟ... မထင်ရပဲ ဒီဟာကလည်း ရှည်လျားလိုက်တာ... တော်တော်လေး ပြောရသားပဲ...

Thursday, April 16, 2009

Wallpapers (16. 4. 09)

Wallpaper လေးတွေ လုပ်ဖြစ်တယ်။ ဆွဲချမယ်ဆို ပုံပေါ်က Click ပြီး ပုံချည်းသာ ရှိတဲ့ စာမျက်နှာကို ရောက်သွားရင် ပုံပေါ်မှာ ဘယ် Click နှိုပ်ပါ။ နောက် အဲဒီထဲက Save as ဆိုတာကို ရွေးချယ်ပြီး လိုချင်တဲ့ နေရာမှာ ဖိုင်ကို သိမ်းယူနိုင်ပါတယ်။

သုံးပုံထဲက လက်သီး လက်မောင်း တန်းနေတဲ့ ပုံက လက်သီးနဲ့ ကြယ်နဲ့ကတော့ သူများ ဒီဇိုင်းပါ။ မူရင်း ဒီဇိုင်းကို အောက်မှာ တင်ပြထားပါတယ်။ အဲဒီ ဒီဇိုင်းကို ကျနော့်ဟာ ကျနော် Paint ထဲမှာ လက်သီးနဲ့ ကြယ်မှာ လက်သီးကို သတ်သတ် ခွဲထုတ်၊ ဘယ်လှည့်၊ ညာလှည့်ပြီး ကိုယ့် composition နဲ့ ကိုယ် ကြည့်ကောင်းမယ် ထင်သလို ပြန်ပွား ထားတာပါ။
အပေါ်မှာ 28 days later font ကို အသုံးပြုထားပါတယ်။


Original Graffiti. (Thanks to the original artist)

To Victory (wallpaper)(1280:1024)(png)

Creative Commons License
To Victory (wallpaper) by Htoo Myat is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 United States License. Based on a work at htoomyat.blogspot.com. Permissions beyond the scope of this license may be available at htoomyat.blogspot.com.

အောက်က Wallpaper ကိုတော့ အေကေ ၄၇ နှစ်လက် အဲလို ဆိုင်နေတဲ့ပုံ ရဖို့ တကယ့် သေနတ် စောင်းနေတဲ့ ဓါတ်ပုံကို အင်တာနက်ပေါ်မှာ အရင် ရှာပါတယ်။ စောင်းနေတာ မရလို့ အသုံးဝင်မယ် ဆိုတဲ့ ပုံကိုပဲ ယူလိုက်ပါတယ်။ အဲဒီ ဓါတ်ပုံကိုမှ Paint နဲ့ အပေါ်မှာ အရောင် ဆိုးပစ်လိုက်ပါတယ်။ ဓါတ်ပုံနဲ့ သက်ဆိုင်တာ ဘာမှ ပေါ်မနေတော့တဲ့ အတွက် မူရင်း ပုံကို တင်မနေတော့ပါဘူး။ အဲလိုနဲ့ သေနတ်ပုံစံ ရပါတယ်။

နောက် လိုအပ်တဲ့ ဒီဂရီကို စောင်းနေရအောင် Microsoft Windows Picture Manager ထဲမှာ ဝင်လုပ်ပါတယ်။ ပြီးတော့မှ Paint ထဲမှာ Copy လုပ်၊ နောက်တစ်ခေါက် ပြန် Paste လုပ်တဲ့အခါ သေနတ် ပုံရိပ် နောက်တစ်ခု ထွက်လာပါတယ်။ အဲဒီ သေနတ်ကို Flip လုပ်လိုက်ပြီး ပြောင်းပြန် လှည့်လိုက်ပြီး နှစ်ခုကို ထပ်လိုက်ပါတယ်။ ကြယ်ကတော့ အထူး ပြောစရာ မလိုပါ။ Font ကတော့ Alias ပါ။

စာသား Anti-Non Violence ဆိုတာကတော့ Non-Violence (အကြမ်းမဖက် လမ်းစဉ်)ကို ဆန့်ကျင်တယ် ဆိုပြီး သုံးချင်တာပါ။ အဲလို သုံးထားတာ တခါမှ မမြင်ဖူးပဲ ကိုယ့်ဟာကိုယ် ရမ်းချလိုက်ပေမဲ့ ဖတ်မိတဲ့လူတွေ ဘာကို ဆိုလိုတယ် ဆိုတာ သဘောတော့ ပေါက်လွယ်မယ်လို့ ယူဆပါတယ်။

Anti-Non Violence (wallpaper)(1280:1024)(png)

Creative Commons License
Anti-Non Violence (wallpaper) by Htoo Myat is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 United States License. Based on a work at htoomyat.blogspot.com. Permissions beyond the scope of this license may be available at htoomyat.blogspot.com.

နောက်ဆုံး တစ်ခုကတော့ ကျနော် လုပ်ထားဖြစ်ခဲ့တာ ကြာပါပြီ။ အစက Wallpaper အနေနဲ့ မဟုတ်ပါဘူး။ Design တစ်ခု အနေနဲ့ပဲ လက်ဆော့ထားခဲ့တာပါ။ ဒီကနေ့ wall paper တွေ လျှောက်လုပ် ဖြစ်တော့မှ ချောင် ထိုးထားတဲ့ အဲဒါလေးကို ပြန်သတိရပြီး Wall paper size ကို ချဲ့ပေးလိုက်တာပါ။ စာသား Red Dawn ဆိုတာ ကတော့ Red Alert 2 ရဲ့ ပထမဆုံး Soviet Mission က ခေါင်းစဉ် (The Red Dawn) ကို သဘောကျလို့ အဲဒီတုန်းက ယူဖြစ်သွားခဲ့တယ် ထင်ပါတယ်။

အနီရောင် အာရုံဦးပေါ့။ ဒါပေမဲ့ တစ်ပုံလုံး နီတာလည်း ဘာမှမပါပါလားလို့ မေးရင်တော့... အစက ကျနော် မတောက်ပတဲ့ အနီရောင်ရဲ့ တူတံစဉ်ကို အနက်ရောင် နောက်ခံနဲ့ လုပ်ထားတာပါ။ အဲဒီမှာ အဖြူရောင်လေး ထည့်မိသွားရာကနေ ဆက် လက်ဆော့လိုက်တာ အနီရောင်ထည့်ရင် အဆင်မပြေတော့ဘူး ဖြစ်သွားလို့ တွေ့ရတဲ့ အရောင်အတိုင်း ဆက်လုပ်လိုက်တာပါပဲ။ မျက်စေ့တော့ အနည်းငယ် နောက်မယ် ထင်ရပါတယ်။ ကျနော် တင်ကြည့်ကြည့်တာ သိပ်ကြီးတော့ မဆိုးလှဘူးလို့ ထင်မိပါတယ်။

The New Red Dawn (wallpaper)(1280:2040)(png)

Creative Commons License
The New Red Dawn (wallpaper) by Htoo Myat is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 United States License. Based on a work at htoomyat.blogspot.com. Permissions beyond the scope of this license may be available at htoomyat.blogspot.com.

Thai protesters

Thai protest leader speaks out - 10 APR 09




Thai protesters defy state of emergency - 12 Apr 09





13 April 2009






What Thailand's 'red shirts' want - 13 April 2009





Thai Protests End


Wednesday, April 15, 2009

Stronghold Crusader (Facing AI players)

Stronghold အကြောင်းကို အရင်ကလည်း ရေးခဲ့ဖူးပါတယ်။ ဒီမှာ သွားပြန်ဖတ်နိုင်ပါတယ်။

အခု တစ်ခေါက်တော့ ကျနော် Stronghold Crusader ရဲ့ နောက်ဆက်တွဲ ဗားရှင်း ဖြစ်တဲ့ Stronghold Crusader Extreme ကိုပါ ဆော့ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ ဗားရှင်းဟာ ကလေးကစားတဲ့ ဂိမ်းလို့ပဲ ပြောချင်ပါတယ်။ မြေပုံထဲမှာ Mercenary Post တွေ စစကတည်းက ပါပြီး စစ်သားတွေကို တစ်ချိန်လုံး အလကား ထုတ်ပေးနေပါတယ်။ နှစ်မိနစ်လောက် လွှတ်ထားလိုက်ရင် လူ ၁၀၀ နီးပါးလောက် အဲဒီနားမှာ စုနေတာ တွေ့ရပါလိမ့်မယ်။ အဲဒီတော့ စီးပွားရေးလည်း လုပ်စရာမလို၊ ဗျူဟာလည်း စဉ်းစားစရာ မလိုပဲ လူတွေချည်း ထိုင်လွှတ်ပြီး တိုက်နေလို့ ရတဲ့အတွက် Stronghold ဂိမ်း တစ်ခုလုံးရဲ့ အရသာပါ လုံးဝ ပျောက်ဆုံးသွား ရတယ်လို့ ထင်ပါတယ်။ နောက် ပိုဆိုးတာက အချိန်နဲ့အမျှ တက်နေတဲ့ ပါဝါတွေ ပါနေတာပါ။ မိုးပေါ်ကနေ မြား ပစ်ချတာတို့... လိုချင်တဲ့ unit တွေ မိုးပေါ်က ကျလာတာတို့... ပါတော့... ကျနော် စဉ်းစားတာ သူတို့ ပင်မ ရဲတိုက်ကြီးတောင် မထားထားတော့ပဲ အဲဒီ စစ်သားတွေနဲ့ချည်း တိုက်ခိုင်းရင်တောင် ရနေပြီလို့ပဲ တွေးမိတော့တယ်။

အင်း... Extreme လို့ ဆိုထားတော့လည်း အဲလောက်တော့ ရှိမှာပေါ့လေ...


အဲဒီတော့ Stronghold Crusader မှာ Artificial Intelligence player တွေနဲ့ ရင်ဆိုင်တဲ့ Strategy Guide ကို ဆက်ရေးပါမယ်။ Stronghold Crusader ကို စဆော့ရင် တကယ့် တိုက်ပွဲတွေ မတိုက်ခင် Tutorial ကို ဆော့ကြည့်တာရယ်၊ Castle Builder ဆိုတဲ့ ထဲက ကျောက်တူးဖို့ နေရာပဲရှိပြီး အပင်စိုက်ဖို့နေရာ၊ သံတူးဖို့ နေရာတွေ တစ်ခုမှ မရှိတဲ့ သဲကန္တာရ မြေပုံမှာ Castle ဆောက်တာကို အရင် လေ့ကျင့်ကြည့်ပါ။ ကုန်ပစ္စည်း တစ်မျိုးတည်းနဲ့ ဈေးကို အသုံးပြု ရောင်းဝယ်ပြီး အသက်ရှင်နိုင်မှ သဲကန္တာရ စီးပွားရေးကို ပိုင်ပြီလို့ ပြောလို့ ရပါမယ်။ သဲကန္တာရမှာ သံယံဇာတ တစ်မျိုးတည်း ရတာနဲ့ အသက်ရှင်နိုင်ပြီ ဆိုတော့မှ ရန်သူနဲ့ တိုက်ဖို့ကို စဉ်းစားသင့်ပါတယ်။ Stronghold ကစားတဲ့ Strategy သမားတွေအတွက် ရန်သူကို တိုက်ဖို့ဟာ နံပတ် ၁ မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် အရင် လုံအောင် ကာဖို့ဟာ နံပတ် ၁ ဖြစ်ပါတယ်။

ကျနော် အခုပြောမဲ့ Strategy Guide တွေဟာ အရေအတွက်ထက် များများ ဝင်တာထက် ပြောက်ကျား၊ ဒါမှမဟုတ် အရေအတွက် နည်းနည်း၊ အသေအပျောက် နည်းနည်းနဲ့ ရင်ဆိုင်နိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။ အရေအတွက် များများနဲ့ ဘာလာလာ တည့်တည့်ကြီး တိုးမယ်ဆိုပြီး ခေါင်းနဲ့ ပြေးတိုက်တတ်တဲ့ Conqueror တွေအတွက် မဟုတ်ပါဘူး။ ခေါင်းသုံးတာချင်း တူပေမဲ့ ပြေးမတိုက်ပဲ စဉ်းစားတဲ့ နေရာမှာ သုံးတဲ့ Strategist တွေအတွက်ပါ။

ကျနော် ဆော့နေတဲ့ ဗားရှင်းထဲမှာ AI ၁၁ ယောက်ပါပါတယ်။ ကြိုက်တဲ့ စရိုက် ရှိတဲ့လူကို ထည့်ပြီး ကစားနိုင်ပါတယ်။ ခက်တဲ့ လူတွေလည်း ရှိသလို လွယ်တဲ့လူတွေလည်း ရှိပါတယ်။

အခု မြင်နေရတဲ့အတိုင်း AI တွေကို အစဉ်လိုက် တစ်ခုချင်းစီ ပြောသွားတာပေါ့။ နာမည်တွေက လက်ဝဲဖက်ကနေ လက်ယာ၊ အောက်က သုံးယောက် အပါအဝင် အစဉ်လိုက်... Rat, Snake, Pig, Wolf, Saladin, Caliph, Sultan, Lionheart, Frederik, Phillip နဲ့ Sheriff တို့ ဖြစ်ပါတယ်။

ကျနော်ပြတဲ့ ပုံစံတွေဟာ အစောပိုင်း ပုံစံတွေပါ။ ချွင်းချက်ကတော့ ပွဲက အချိန်ကြာလာတာနဲ့အမျှ ခံတပ်က ပိုပို ကြီးလာတတ်ပါတယ်။

Rat
Rat ဟာ Sultan ပြီးရင် ဒုတိယ အလွယ်ဆုံးလို့ သတ်မှတ်လို့ ရတဲ့ ခံတပ်ကို ဆောက်တတ်သူ ဖြစ်ပါတယ်။ သူ့ခံတပ်ဟာ ဝင်္ကပါ ဆန်ပေမဲ့ အကြောင်းသိရင် လွယ်ကူပါတယ်။ ဘေးနားမှာ ရှုပ်ထွေးနေအောင် တံတိုင်းတွေ ကာတယ်။ ဒါပေမဲ့ သူ့ရဲ့ Keep ကို တိုက်ရိုက် ဝင်လို့ရတဲ့ နေရာမှာပဲ တံခါးကို ထားပါတယ်။ တံခါးအထိ သွားပြီး တံခါးကို ဖျက်ဝင်လိုက်ရင် သူ့ဆီကို တန်းရောက်ပါတယ်။ ဘေးကနေ ဝင်ရင်တော့ လည်နေပါလိမ့်မယ်။ နောက်ဆုံး အုတ်တံတိုင်းကို ဖြိုပြီး ဝင်ရပါလိမ့်မယ်။ မြို့ရိုးထုက တစ်ထပ်တည်း ဆိုတော့ သိပ် ဖောက်စရာ မလိုပါ။ ခံတပ် အနေနဲ့ကလည်း မှုလောက်စရာ မရှိပါဘူး။ မျှော်စင်တွေ သိပ်မဆောက်ပဲ တံတိုင်းတွေပေါ်မှာပဲ လေးသမား တစ်ယောက်ချင်းစီ တစ်ဒေါင့်စီမှာ တင်ထားလေ့ ရှိပါတယ်။ လာတိုက်တဲ့ အင်အားဟာလည်း ဘာမှ မမှုလောက်ပါဘူး။ Siege weapon တွေ မပါတဲ့အတွက် မြားသမားတွေနဲ့ချည်း ခံတပ်ကို ကာထားရင်တောင် ရပါတယ်။ စစချင်း ဆော့သူတွေ အတွက် သင့်လျော်ပါတယ်။

Snake
Snake ကတော့ ခံတပ်ကို ယေဘုယအားဖြင့် စက်ဝိုင်းနဲ့ ခပ်ဆင်ဆင် ပုံသဏ္ဍာန် ဆောက်လေ့ ရှိပါတယ်။ Sultan ကလည်း စက်ဝိုင်းပုံပေမဲ့ သူက ကွာတာကတော့ တစ်ခြမ်းကို ကျုံးတူးထားတာပါပဲ။ နောက် Sultan ရဲ့ ခံတပ်က ပိုဝိုင်းပါတယ်။ ခံတပ် အကာအနေနဲ့ Siege weapon တင်လို့ မရတဲ့ မျှော်စင် အသေးလေးတွေနဲ့ ခုခံတတ်ပါတယ်။ လူ ငါးယောက်ဆန့် ဆလင်ဒါပုံ မျှော်စင် အမြင့်မဟုတ်ပါဘူး။ လူ ၂၅ယောက်ဆန့်နဲ့ လူ ၂၀ ဆန့်တဲ့ လေးထောင့် မျှော်စင် နှစ်မျိုးပဲ သုံးပါတယ်။ မြို့ရိုး ထုကတော့ ၁ ထပ်ပါပဲ။ အဲဒီပေါ် မြားသမား အချို့ တင်ထားတတ်ပါတယ်။ သူလည်း တိုက်ခိုက်တာ သိပ်မပြင်းထန်ပါဘူး။ မြားသမား လောက်နဲ့ ကောင်းကောင်း ခုခံနိုင်ပါတယ်။ သူ့ကို ရင်ဆိုင်ဖို့ အတွက်ကတော့ ကျုံးကို မြေဖို့ဖို့ မကြိုးစားပါနဲ့... အသေအပျောက် များပါမယ်။ တံခါးကို အဝေးကနေ အင်ဂျင်နီယာ ၃ ယောက်လိုတဲ့ အဝေးပစ် လောက်လွှဲ အကြီး (Trebuchet) ဒါမှမဟုတ်၊ အင်ဂျင်နီယာ နှစ်ယောက်သာ လိုတဲ့ လောက်လွှဲအရှင် (Catapult) သုံးပြီး ဖြိုပါ။ Battering Ram သုံးဖို့ မလိုအပ်ပါ။ နောက် ခြေလျှင်တပ် လွှတ်ပြီး အပြီးသတ်နိုင်ပါတယ်။

Pig
Pig ကတော့ အနည်းငယ် စိမ်ခေါ်မှု ရှိလာပြီ ဖြစ်တဲ့ AI ပါ။
အဓိက သုံးတဲ့ ယူနစ်တွေက Crossbow man တွေနဲ့ Mace Man တွေဖြစ်ပါတယ်။ Crossbow သမားတွေဟာ သာမန် မြားသမားထက် ပိုဝေးဝေး ပစ်နိုင်ပြီး ပိုမာတဲ့အတွက် အားသာချက် ရှိပါတယ်။ AI တွေရဲ့ ထုံးစံအတိုင်း သူတို့ မြားသမားတွေ၊ Crossbow သမားတွေကို ကင်းလှည်းခိုင်းတဲ့အတွက် ကိုယ့် စိုက်ခင်းဖြစ်စေ၊ အလုပ်စခန်းတွေကို ဖြစ်စေ မြားနဲ့ တစ်ချိန်လုံး ပစ်နေနိုင်တဲ့အတွက် စိတ်ရှုပ်ထွေးစရာ ကောင်းလာတတ်ပါတယ်။ Mace Man ကျတော့ မတရား မြန်ပါတယ်။ ဓါးသမားတွေလောက် မမာပေမဲ့ တိုက်ရည်ခိုက်ရည်က မဆိုးပါဘူး။ တခါ တခါ ဝင်လာလိုက်ရင် စိုက်ခင်းတွေ၊ အလုပ်စခန်းတွေ တော်တော်များများ ပါသွားတတ်ပါတယ်။ အဲဒါဟာလည်း တော်တော် စိတ်ညစ်ရပါတယ်။ ထိပ်တိုက်ရင်ဆိုင်ဖို့ အနေနဲ့တော့ မြားသမားအပြင် ဓါးသမားတွေပါ အစောင့်ချထားနိုင်ရင် အဆင်ပြေပါမယ်။ Crossbow တွေ အတွက်ကတော့ Arabian မြင်းစီး မြားပစ်သမားတွေကို ရွေ့လျား တိုက်ခိုင်းနိုင်ပါတယ်။ခံတပ်အနေနဲ့က မြင်တဲ့အတိုင်း နည်းနည်း ဆန်းပါတယ်။ သူက လူ ၃၅ ယောက်နဲ့ Siege Weapon တစ်ခု ဆံ့တဲ့ လေးထောင့် မျှော်စင်ကို စတင် အသုံးပြုလာပါတယ်။ ဒါပေမဲ့ Siege Weapon မတင်ပါဘူး။ Crossbow man တွေပဲ တင်ပါတယ်။ ဒါပေမဲ့ အပြင်ကာ အုတ်ရိုးကို အုတ်ရိုး အနိမ့်ကာပြီး မျှော်စင်တွေကို ကာတဲ့ အုတ်ရိုးကိုသာ အုတ်ရိုး အမြင့်နဲ့ ကာထားလို့ Fire Ballista ရဲ့ မီးမြားတွေက ကောင်းကောင်း ဝင်အောင် ပစ်နိုင်တဲ့အတွက် မီးရှို့ဖို့ လွယ်ကူပါတယ်။ မီးဘေး ကာကွယ်ဖို့ ရေတွင်းတွေ ဆောက်လေ့ သိပ်မရှိလှပါဘူး။ မြို့ရိုး ထုကတော့ တစ်ထပ်တည်းပါ။

ခံတပ်ရဲ့ တံခါးကို များသောအားဖြင့် ရန်သူနဲ့ ဆန့်ကျင်ဖက် မျက်နှာစာ (ခ
ံတပ် နောက်ပိုင်းမှာ) ဖောက်ထား တတ်တဲ့အတွက် သူ့ကျတော့ Heavy Infantry နဲ့ ဝင်မယ်ဆို သူ့ Keep နား အနီးဆုံး နံရံကို Trebuchet နဲ့ ဖောက်ပြီး ဝင်သင့်ပါတယ်။ Assassian တွေ သုံးဖို့ လုံးဝ မကြိုးစားပါနဲ့။ အကုန် သေကုန်ပါလိမ့်မယ်။ မျှော်စင်ပေါ်က Crossbow တွေကို တက်သတ်ဖို့ ဆိုတာ လုံးဝ မလွယ်ပါဘူး။ လွှတ်ထားလိုက်ဖို့ ဆိုရာမှာ တစ်ဖက်မှာလည်း သူတို့က ပစ်အား ကောင်းနေတဲ့အတွက် တံခါးအထိ လှည့်ပတ် သွားပြီး တိုက်နေရင် အပေါ်က ဆက်တိုက် ပစ်နေတာကြောင့် အသေ အပျောက် များပါလိမ့်မယ်။ အဲဒီတော့ နီးရာ နံရံကို ဖောက်၊ အမြန်ဝင်ပြီး အမြန် တိုက်ရပါလိမ့်မယ်။ မြားသမားတွေ အသုံးမဝင်သလောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ရန်သူကို ရိက္ခာဖြတ်၊ ကုန်ကြမ်း ဖြတ်တဲ့အနေနဲ့ သူတို့ စိုက်ခင်းတွေ၊ အလုပ်စခန်းတွေ နားမှာ မြားသမားတွေ အုပ်လိုက် ချထားတာတော့ ဘယ် AI နဲ့ ကစား ကစား အသုံးဝင်ပါတယ်။

Wolf
Wolf ကတော့ ကြယ်ငါးပွင့် အဆင့်ရှိ ခံတပ်ကို ဆောက်နိုင်သူ ဖြစ်ပါတ
ယ်။ အင်မတန်မှ ခိုင်ခံ့ပါတယ်။ တိုက်ရည် ခိုက်ရည်ကလည်း မဆိုးပါဘူး။ Siege Weapon တွေ အများကြီး သုံးတတ်သလို Heavy Infantry ကိုလည်း ကောင်းကောင်း သုံးတတ်တဲ့အတွက် စိန်ခေါ်မှု ကြီးတဲ့ ပြိုင်ဖက် ဖြစ်ပါတယ်။ သူ့မြို့ရိုးကို ဖောက်နိုင်ဖို့ကို အတော်လေး အချိန်ပေးရတတ်ပါတယ်။ လေးထောင့် မျှော်စင်တွေလည်း သုံးသလို သူက Siege weapon တွေပါ တင်တတ်ပါတယ်။ ဒါ့ထက် ပိုခက်ခဲစေတာကတော့ Pitch တွေ အသုံးပြုပြီး ခံတပ် ပတ်ပတ်လည်မှာ မီးစွဲလောင်နိုင်တဲ့ အကွက်တွေချထား တတ်ပါတယ်။ မျှော်စင်ပေါ်က မြားသမားတွေက မီးမြားနဲ့ ပစ်လိုက်ရင် အကုန်လုံး မီးထလောင်နိုင်ပါတယ်။ Heavy Infantry တွေကို စုပြီး ဝင်ခိုင်းရင် မီးထဲမှာ တစ်တပ်လုံး ပြုတ်တတ်ပါတယ်။ တခါတလေ မျှော်စင်တွေနားမှာ သစ်သားချွန်တွေ ထောင်ထားတတ် ပါသေးတယ်။ ခံတပ်က နှစ်ထပ်အပြင် ကျုံးသေးသေးလေးပါ ကြားထဲမှာ တူးထားတတ်သေးတော့ ဖောက်ရ ခက်ခဲပါတယ်။ နောက် အတွင်းခံတပ်ရဲ့ အထူကလည်း အနည်းဆုံး ၃ ထပ်လောက် ရှိပါတယ်။ တံခါးက အနောက်မှာ ရှိတယ် ဆိုပေမဲ့ ပြိုင်ဖက်ကို မြားဦးမှာ ထားပြီး ဆောက်ထားတဲ့အတွက် ကိုယ်နဲ့ ဆန့်ကျင်ဖက် အရပ်မှာ ဖြစ်နေတတ်ပါတယ်။ တံခါးကို ဖျက်ပြီး ဝင်နိုင်ဖို့ ဆိုတာဟာ ၅% လောက်ပဲ ရှိပါတယ်။ Siege weapon တွေကို ခံတပ်ပေါ်မှာ စဆောက်ပြီ ဖြစ်တဲ့အတွက် ကိုယ့် Catapult ဖြစ်ဖြစ် အခြား Seige weapon တွေ တစ်ခုမှ မမီနိုင်ပါ။ ခံတပ်က ဟာကွက် မရှိသလောက် ဖြစ်တဲ့အတွက် မီးရှို့ဖို့လည်း မလွယ်ကူပါဘူး။ အလွယ်ဆုံး ထိပ်တိုက် ရင်ဆိုင်တဲ့ နည်းလမ်းကတော့ သူ့ စိုက်ခင်းတွေ၊ အလုပ်စခန်းတွေနားမှာ မြားသမားတွေ ချပြီး အဲဒီ နယ်မြေကို ထိမ်းချုပ်ထားတဲ့ နည်းလမ်း တစ်ခုတည်းပါပဲ။ အစာပြတ်၊ ပစ္စည်းပြတ်လာရင် တဖြည်းဖြည်း လူထုတ်တာ နည်းလာပါလိမ့်မယ်။ မြားသမားတွေအစား Assassian တွေလည်း သုံးနိုင်ပါတယ်။ မြို့ရိုးပေါ် တွယ်တက်ဖို့ မဟုတ်ပါဘူး။ သူ့ အလုပ်စခန်းတွေ၊ စိုက်ခင်းတွေကို ဖျက်ဆီးဖို့ပါ။ Assassian တွေကို သူတို့အနား ရောက်မနေရင်၊ ဒါမှမဟုတ် သူတို့က လာမတိုက်ရင် မမြင်ရနိုင်ပါဘူး။ စိုက်ခင်းတွေ အနားကို ကပ်၊ စိုက်ခင်းက တဲနဲ့ မျှော်စင်ကနေ မြားပစ်လို့ မရအောင် ကာပြီး ဓါးနဲ့ခုတ် ဖျက်ဆီးနိုင်ပါတယ်။ စိုက်ခင်း အပျက်၊ Assassian တွေလည်း ကိုယ် ပြန်အပျောက် ဆိုတော့ ဟိုဖက်က ထိထိရောက်ရောက် မပစ်နိုင်ပါဘူး။ မီးရှို့နိုင်ပေမဲ့ မရှို့ပါနဲ့။ ကြာပါတယ်။

ကိုယ့်အတွက် ကာကွယ်မှု အနေနဲ့ကတော့ Siege Weapon တင်နိုင်တဲ့ မျှော်စင်တွေ ဆောက်ပြီး ခံတပ်ချင်း မနီးရင်
Ballista တင်၊ ခံတပ်ချင်း ကပ်နေရင် Catapult တင်ပါ။ Siege Weapon တွေနဲ့ လာတိုက်လေ့ ရှိတဲ့အတွက် Ballista ရှိမှ ဖြစ်ပါလိမ့်မယ်။ မီးတုတ်ရဲ့ Arabian Slave တွေလည်း တခါတလေ လာတတ်ပါတယ်။ သူတို့ကို မြားနဲ့ ရင်ဆိုင် မပစ်နိုင်ရင် မီရာ အကုန် မီးရှို့သွားတတ်ပါတယ်။ စစချင်းမှာ အင်အား ကြီးကြီးနဲ့တော့ လာတိုက်လေ့ မရှိပါဘူး။ ခံတပ်ကို ပြင်ဆင်ချိန် ရနိုင်ပါတယ်။

တကယ်လို့ သူ့ခံတပ်ကို ဖောက်ကို ဖောက်တော့မယ်၊ ဖောက်ရမှ ကျေနပ်မယ် ဆိုရင်တော့ ကျုံး မတူးထားပဲ မျှော်စင်လည်း နည်းနည်း မမီတဲ့ နေရာကို ရွေးပြီး Trebuchet နဲ့ ဖောက်ပါ။ Heavy Infantry ရှေ့မှာ ဈေးပေါပေါနဲ့ ခပ်ပျော့ပျော့ Light Infanty ကို အရင်လွှတ်ပါ။ မီးလောင်အောင် ပစ်ကြပါလိမ့်မယ်၊ မီးလောင်လို့ ကုန်တော့မှ Heavy Infanty ကို ပေးဝင်ပါ။ ချိန်သားကိုက်ဖို့ လိုပါတယ်။ နောက် Pitch အကွက်တွေ ပြန်မချနိုင်ခင်မှာ အမြန် ဝင်နိုင်မှ ရပါလိမ့်မယ်။ လမ်းခရီးမှာ ဆုံတဲ့လူတွေကို တိုက်နေရင် ကြာတတ်တဲ့အတွက် မတိုက်အောင် ဆက်တိုက် Click နှိုပ်ပြီး Keep အပေါ်ကို ခေါ်သင့်ပါတယ်။

အပိုင်း နှစ် ဆက်ပါမည်။

Monday, April 13, 2009

ပေါက်ပေါက်ရှာရှာ (၅)

မစသေးခင် အရင်အပတ်က ပေါက်ပေါက် ရှာရှာ (၄) ရဲ့ အဖြေလေး ကြည့်ရအောင်။ မဲပေးခဲ့သူ ၂၁ ဦးမှာ နတ်ပြည် အရောက် လမ်းလျှောက်တက်မဲ့ လုံ့လရှင်တွေကတော့ ငါးဦး ရှိပါတယ်။ နတ်ပြည် မရောက်ရင်တောင် လမ်းတစ်ဝက်က မက်ဒေါနယ် ဆိုင်မှာ အလုပ်လျှောက်ချင်တဲ့ လူတွေကတော့ ၇ ဦးရှိပြီး အမြင့်ဆုံး ဆုံးဖြတ်ချက် အဖြစ်နဲ့ စီးပွားပျက်ကပ် အတွင်းမှာ ဗိုလ်စွဲသွားပါတယ်။ ငရဲပြည်ပဲ သွားမဲ့ သူရဲကောင်းတွေကတော့ နှစ်ယောက် ရှိပြီး အရက်ပုလင်း တစ်ပွေ့ တစ်ပိုက်နဲ့ နတ်ပြည်တက် ချင်တဲ့ လူတွေကတော့ ၆ ယောက်တောင် ရှိပါတယ်။ :D ဒါပေမဲ့ နတ်ပြည် တံခါးဝလည်း ရောက်ရော အရက်သောက်လို့ ဆိုပြီး ပြန်ကန်ချခံရဖို့ များပါတယ်။ မက်ဒေါနယ် ဆိုင်ထိတက်၊ အမြည်းဝယ်ပြီး ပြန်ဆင်း၊ နောက်မှ အရသာရှိရှိ အရက်နဲ့ မြည်းရင်း ငရဲပြည်သွားချင်သူကတော့ တစ်ယောက်သာ ရှိပါတယ်။

တကယ်လို့ ကျနော်သာ မဲပေးခွင့် ရှိမယ်ဆို ငရဲပြည်ပဲ သွားမယ်လို့ ပေးမိမယ်ထင်တယ်။ လှေကား တက်ရမှာ ညောင်းလွန်းလို့ပါ။ ဒီတစ်ခုကတော့ သင်္ကြန်ဆိုတော့ သင်္ကြန်နဲ့ ဆိုင်တာလေးပဲ မေးပါတော့မယ်။


Sunday, April 12, 2009

မောင်ထူးမြတ်နဲ့ လွဲချက်များ

ဒီနေ့ ရေနွေးကြမ်း သောက်ရင်း ရေနွေးကြမ်း ဘယ်နှစ်မျိုး ရှိတယ် ဆိုတာ ကြည့်ကြည့်ဦးမယ် ဆိုပြီး အင်တာနက်မှာ Tea လို့ ရိုက်ရှာမိမှ အွန်လိုင်းပေါ် မတွေ့ရတာ ကြာတဲ့ ဘလော်ဂါ ကိုတီးကို သတိရတယ်။ အဲဒါနဲ့ သူ့ဘလော့ဂ်ကို သွားဝင်ကြည့်တော့ ဆက်မရေးတော့ပါ ဆိုပဲ။ အင်း... ဘာတွေဖြစ်မှန်းတော့ မသိပေမဲ့ ဒီလိုပဲ ပေါ်လာလိုက်ကြ ပျောက်သွားလိုက်ကြနဲ့ အနိစ္စ တရား နားလည်ချင်ရင် မြန်မာ ဘလော့ဂ် လောက ဝင်ကြည့်လို့ ဆိုရမလို ဆိုတော့ သိပ်တော့ ထူးထူးခြားခြား မဖြစ်မိပေဘူး။

အင်း... ရေနွေးကြမ်း ကိစ္စကတော့ မနေ့က ဖြစ်တာလေးပါ။

ကျနော် မနေ့က ကျနော် လုပ်နေတဲ့ မြန်မာ တရုတ် ဆိုင်ကို အလုပ်ဆင်းတယ်။ အဲဒီမှာ ကျနော့်ကို မြန်မာမှန်းသိတဲ့ စားနေကျ မြန်မာ တစ်ဝိုင်းလာစားရော... လာစားတော့ သူတို့ကို ထုံးစံအတိုင်း ရေခဲရည် သွားဖြည့်တာပေါ့။ အဲဒီတော့ သူတို့က ရည်နွေးပဲပေးပါတဲ့။ အဲဒါနဲ့ ကျနော်လည်း တရုတ် အချို့တွေ ပေးရသလို ရေနွေး ကရားထဲကို ရေနွေးချည်းပဲ ထည့်ပြီး ပေးလိုက်တာပေါ့။ (တရုတ် အဖိုးကြီး အဖွားကြီးတွေ ဖြစ်ဖြစ်၊ တချို့တွေက ရေခဲရည်အစား ရေနွေး အဖြူထည် တောင်းလေ့ ရှိကြပါတယ်) အဲဒါနဲ့ ပေးလိုက်ရော။

နောက်ကျတော့ တခြား စားပွဲထိုး တစ်ယောက်ကို ခေါ်ပြီး ရေနွေးကြမ်းနဲ့ လဲခိုင်းတယ်။ ကျနော်လည်း ကိုယ့် တာဝန်ရှိနေတော့ အဆင်မပြေဖြစ်ရတာ စိတ်မကောင်းပါကြောင်း သွား ဆောရီး တာပေါ့။ အဲဒီတော့ အဲဒီဝိုင်းက အကိုကြီးက သံပုရာသီး ငုံပြီး အတင်း ပြုံးထားသလို မျက်နှာ မချိုမချဉ်ကြီးနဲ့ ရေနွေး ဆိုတာ မြန်မာလို ရေနွေးကြမ်းကို ပြောတာ တဲ့... :D

အဲဒါနဲ့ ကျနော်လည်း သြော်... ဟုတ်ကဲ့ပါခမျ ဆိုပြီး ထွက်လာခဲ့တယ်။ မောင်ထူးမြတ်သာ စားပွဲထိုးနေရတဲ့ အချိန် မဟုတ်လို့ တော်ကီပွားဖို့ အချိန်လေးများ ရှိခဲ့ရင် အိမ်မှာ သူ ရေဖွင့်ချိုးရင် ဘာနဲ့ ချိုးလဲ မေးကြည့်လိုက်ချင်သေးတယ်။ ရေနွေးနဲ့ ချိုးတာလို့ ပြန်ဖြေလို့ကတော့ (သူ့အဆိုအရ မြန်မာမှာ ရေနွေးဆိုတာ ရေနွေးကြမ်းဆိုတော့) အကိုရေချိုးရင် လက်ဖက်ခြောက်ဖတ်တွေနဲ့လား... ဒါမှမဟုတ် Tea Bag ကြီး အကြီးကြီး စိမ်ပြီး ချိုးတာလား ဆိုတာလေး သိချင်လို့ပါ လို့ မေးဖြစ်အောင် မေးလိုက်ဦးမယ်။ :D

အဲဒါနဲ့ နောက်ဖေး ပြန်ရောက်တော့ ကျနော့်ကို ကြီးကျပ်နေတဲ့ သက်တမ်းရင့် Spanish စားပွဲထိုးက ကျနော် ရေနွေး အကျရည်နဲ့၊ ရေနွေး အဖြူထည်နဲ့ ထုံးစံအတိုင်း ရောဖို့ကို မေ့တယ်လို့ ထင်ပြီး မျက်လုံး ပြူးပြီး ကြည့်တယ်။ ကျနော်ကတော့ ငါမမေ့ပါဘူး။ မှာတဲ့လူက ငါ့ကို Tea လို့ မပြောပဲ Boiled water လို့ပဲ ပြောလို့ လို့ ပြန်ပြောလိုက်တယ်။ အင်္ဂလိပ် စာလုံးနဲ့ကျတော့ ရေနွေးနဲ့ ရေနွေးကြမ်း လုံးဝ မဆင်တော့ သူကတော့ အူကြောင်ကြောင် ဖြစ်သွားလေရဲ့... ဟိုက ရေနွေးနဲ့ ရေနွေးကြမ်းမှာ နောက်ဆုံး တစ်လုံး ဖြုတ်ပြီး ပြောလိုက်မှန်း သူမှ မသိနိုင်တာ။ သူကတော့ ခပ်အေးအေးမို့လားမသိဘူး။ ခေါင်းညှိတ်ပြီး လုပ်စရာ ရှိတာ ဆက်လုပ်တယ်။ ကျနော်ကတော့ ဒီမြန်မာဝိုင်းကတော့ ငါ့ကို ရေနွေးကို မြန်မာလို ရေနွေးကြမ်းလို့ ခေါ်ကြောင်းတောင် မသိတဲ့ ငနုံလို့ ထင်နေတော့မှာပဲ ဆိုပြီး စိတ်ထဲ မအီမလည် ဖြစ်နေရော။

ပိုစ့်က တိုနေသေးတော့ လာဖတ်ရတဲ့လူ တန်အောင် ကိုယ့်ပေါင် ကိုယ်လှန် ထောင်းရရင်တော့ဖြင့်...

မနေ့က လူလည်း ကျတာနဲ့ အတူ တော်တော်လေး မဖြစ်သင့်တဲ့ အမှားတစ်ခု ထပ်လုပ်မိပါသေးတယ်။ အဲဒါကတော့ ၁၀၀% ကျနော့် အမှားပါ။ အဖြစ်အပျက် မပြောခင် ကျနော့ကို သင်ပေးထားတာလေး ပြောပြ အရင် ပြောပြထား ချင်ပါတယ်။

ကျနော့် အထက်က သက်တမ်းရင့် စားပွဲထိုး တရုတ်မနှစ်ယောက် ရှိပါတယ်။ သူတို့ကိုလည်း ဆိုင်ရှင်က ကျနော့်ကို ကြည့်ရှုသင်ပေးပါ ဆိုပြီး အပ်ထားလို့ လားတော့ မသိ တတ်သလောက် သင်ကြားပေး လမ်းညွှန်လေ့ ရှိကြပါတယ်။ (ကျေးဇူးတင်ပါတယ်) အဲဒီထဲက အသက်ကြီးတဲ့ တရုတ်အမျိုးသမီးက... အလုပ်ရှုပ်နေတဲ့ အချိန် တခါတလေ ဧည့်သည်တွေ စားပြီး ကုန်တဲ့ ပန်းကန်တွေ ကျနော် သိမ်းဖို့ မေ့သွားတာ ရှိရင် လေသံ ခပ်မာမာနဲ့ ကျနော့်နားကပ် အံကြိတ်ပြီး နှစ်ကိုယ်ကြားနဲ့ မင်း မျက်လုံးကို ဘာဖြစ်အောင် လုပ်ဆိုလား မသိဘူး ပြောလေ့ရှိတယ်။ :D သူကတော့ ပြောရှာပါတယ်။ ကျနော်ကတော့ ယက်စ်၊ ယက်စ်၊ ဆိုပြီး ခေါင်းညိတ်နေကြပါပဲ။ ဒါပေမဲ့ ကျနော်ကတော့ သူ့တရုတ် အသံထွက်နဲ့ဆို သူပြောတဲ့ စကားလုံးထဲမှာ ၁၀% လောက်ပဲ နားလည်တယ်။ ကျန်တာကို မျက်နှာရိပ် မျက်နှာကဲ ဖမ်းပြီး လိုက်လုပ် ရတာကိုး။

အဲလို ပန်းကန် သိမ်းခိုင်းတာက ဧည့်သည်တွေက ထိုင်နေ စားနေတုန်းမှာ သူတို့ စားလို့ ကုန်သွားပြီးသား ပန်းကန် အလွတ်တွေ ရှိနေရင် ကြုံရင် ကြုံသလို သိမ်းခိုင်းတာပါ။ စားပြီးမှ သိမ်းတာကတော့ ထူးထူးခြားခြား ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုဟာ ကျတော့ ဧည့်သည်တွေ မထသေးခင် ဆိုတော့ ဘယ်ပန်းကန်က သုံးနေသေးတယ်၊ ဘယ်ပန်းကန်က မလိုတော့ဘူး ဆိုတာ အတော်လေး အကဲဖြတ်ရ ခက်ပါတယ်။ သိမ်းရင်း အရှိန်လွန်လို့၊ မေ့လို့... ဓါးတို့၊ ခက်ရင်းတို့ ပါသွားလို့ အသစ် ပြန်ပြန် ထုတ်ပေးရတာမျိုးလည်း မနည်းပေါ့။ သူတို့ကတော့ မသိမ်းခင် မေးလို့ ပြောတော့ ကျနော် နောက်ပိုင်း မေးမေးမြန်းမြန်းလေး လုပ်တော့ အဆင်ပြေပါတယ်။

ဒါပေမဲ့ တခါတလေဆို လာစားတဲ့ ဖောက်သည်တွေဟာ သူတို့ဟာ သူတို့ စကားပြောနေကြတုန်း ကျနော် ဝင်မေးလိုက်ရင် interrupt လုပ်သလို ဖြစ်မှာ အားနာလို့ မမေးတာပါ။ ငယ်ငယ်တုန်းက သင်ထားခြင်း ခံရတာက အဖြူတွေ ဖြစ်ဖြစ်၊ ကိုယ့် အာရှသားထဲက ဖြစ်ဖြစ်၊ လူကြီးတွေ စကားပြောနေရင် ကြားက ဖြတ်ပြောတာ မကောင်းဘူး ဆိုသကိုး။ သဘောကျမှန်း မသိ မကျမှန်းမသိ... ဒါပေမဲ့ ဒီ တရုတ် အမျိုးသမီး နှစ်ဦးကတော့ မေးချင်ရင် မေးတာပါပဲ။ ဟိုကလည်း အာရှတိုက်သားဆိုတော့ နားမလည်တာ ဘေးမဲ့ ပေးထားကြပုံ ပေါ်ပါတယ်။ ဘယ် ဖောက်သည်ကမှ စကားပြောနေတုန်း လာဖြတ်ပါတယ် ဆိုပြီး ဘာမှ ထွေထွေထူးထူး ပြောမနေကြပါဘူး။

အဲ... မောင်ထူးမြတ်ရဲ့ အလွဲကို ဆက်ရရင်... ဒီတစ်ခါက ကျတော့ တရုတ်ဝိုင်းပါ။ အဖေရယ်၊ အမေရယ်၊ ကလေးရယ်ပေါ့။ စားနေကြတယ်။

ကျနော်လည်း အဲဒီ တရုတ်မိသားစုနဲ့မှ... ကျနော် သူတို့ မိသားစု စားထားတာ ကုန်သွားသလို မြင်တော့ အနားကို ကပ်သွားပြီး Have you finished sir... လို့ မေးလိုက်တော့ သူကလည်း Finish လို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့ ကျနော်လည်း ဟန်ပါပါနဲ့ ရှိသမျှ ပန်းကန်တွေ အကုန်လုံးကို ထပ်ပြီး သယ်ဖို့ ပြင်တာပေါ့။ အဲဒီ တစ်ခေါက်မှ ကျနော်ကလည်း ပုံမှန်ထက် ပန်းကန် အပို သယ်နိုင်သလိုပဲ။ ပန်းကန် ထပ်တာကလည်း စည်းစံနစ်ကို ကျလို့... ကျနော်က သူတို့ ထမင်း ထည့်စားဖို့ ပင်မ ပန်းကန်ပြားကြီးတွေကို ကောက်သိမ်းနေတာကို သားအမိ သားအဖ သုံးယောက်လုံး မျက်လုံး ခြောက်လုံး ကလယ်ကလယ်နဲ့ ကြည့်နေကြတယ်။ အဲဒါနဲ့ ကျနော်လည်း ငါသိမ်းတာ ပညာသား ပါလို့ ဒီလို ရှုစားနေကြဟန် ရှိတယ်လို့ ကိုယ့်ဟာကိုယ် အထင်လေးကြီးလိုက်ပြီး ဟန်ပါပါနဲ့ ကောက်မပြီး မျက်နှာမော့မော့ ခါးကော့ကော့နဲ့ အားရပါးရ မြေမထိ လမ်းလျှောက်ကာ ဆေးမဲ့ ပန်းကန်တွေ ထားတဲ့ နေရာ သွားထား... နောက် ပြန်လည်း ထွက်လာရော... ဟိုမှာ တရုတ်မကြီးနဲ့ ပွဲတည်နေပါပြီ။

တကယ်က သူပြောတဲ့ Finish ဆိုတာက Appetizer ဆိုတဲ့ ပင်မ ညစာ မစားခင် နှုတ်မြိန်စာ စားပြီးတာကို ပြောတာပါ။ ကျနော်က အားလုံး စားပြီးပြီလို့ ရွှေဥာဏ်တော် စူးရောက်ပြီး ရှိသမျှ ပန်းကန်တွေ အကုန်လုံးကို လုံ့လကြီးစွာ ကောက်သိမ်းသွားတော့ သူတို့မယ် အခက်အခဲတွေ့ပြီး တရုတ် စားပွဲထိုး လာမှ တရုတ်လို လှမ်း ရှင်းပြပုံ ရပါတယ်။ အဲဒါနဲ့ အဆင်မပြေ ဖြစ်ရတာကို အရင် သွားမဆောရီးနိုင်ပဲ ပန်းကန် သုံးချပ်၊ ခက်ရင်း သုံးလက်၊ ဓါးသုံးလက် သွားယူပြီး အဲဒါ ပို့ရင်းမှ ဆောရီးနိုင်တော့တယ်။ နောက်တော့ ကိုယ့်ဟာကိုယ် မှားတာကို ကိုယ့်ဟာကိုယ် ရှက်ပြီး အဲဒီ စားပွဲ ဆီကို တော်တော်နဲ့ မျက်လုံး မလှည့်ရဲတော့ဘူး။ :D

အင်း... ဟိုဟာပြီး ဟိုဟာလုပ်လိုက်၊ သည်ဟာပြီး သည်လိုလုပ်လိုက် လုပ်နေရတဲ့ ဂိမ်းတွေ ကစားထားတဲ့ အခံလေး ရှိပေလို့သာ ဒီလောက်ပဲ လွဲတယ် ဆိုရမယ်။



Saturday, April 11, 2009

Avatar again.

ကျနော် အခုရက်ပိုင်းမှာ ဒီ ပို့စ်မှာ ရေးခဲ့ဖူးတဲ့ Avatar: The last airbander ကို ပြန်ကြည့်ဖြစ်နေတယ်။ ကျနော် အဲဒီ ဇာတ်ကား တစ်ကားလုံးမှာ အကြိုက်ဆုံး ဇာတ်ကောင်ကတော့ အဖိုးကြီး တစ်ယောက်ပါ။ Iroh ဆိုတဲ့ fire nation က စစ်သူကြီးဟောင်း... fire lord ရဲ့သား prince Zuko ရဲ့ ဦးလေးပါ။ သူဟာ သူ့ရဲ့ သား တိုက်ပွဲမှာ ကျသွားပြီး နောက်ပိုင်း စစ်တိုက်ရာကနေ အနားယူလိုက်ပြီး အဖေက နှင်ထုတ်ထားတာကို ခံရတဲ့ သူ့တူကို သားအဖြစ်နဲ့ မှတ်ပြီး လိုက် စောင့်ရှောက်၊ Fire bending သင်ပေးနေတဲ့ ဦးလေး အဖြစ်နဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ပါပါတယ်။

Fire Nation ရဲ့ စစ်သူကြီးဟောင်း ဖြစ်ပေမဲ့ အေးအေးချမ်းချမ်းနဲ့ ရေနွေးကြမ်း သောက်နေတတ်ပြီး လောက အပေါ် မျှတတဲ့ အမြင်ရှိတဲ့လူလို့ မြင်မိတာထက်၊ အဲဒီ ကာတွန်းရုပ်ရှင် အပိုင်းတွေထဲမှာ သူပြောတာတွေဟာ မှတ်သားစရာတွေလို မြင်နေမိတာလည်း ပါပါတယ်။ တကယ်တမ်း ဆိုရရင် Avatar တစ်ခုလုံးမှာ အဲလို မှတ်သားစရာ စကားတွေ အများကြီး ပါနေပါတယ်။ Iroh ရဲ့ တချို့ quote လေးတွေ ကျနော် တင်ပေး ချင်ပါတယ်။

Prince Zuko: "This city is a prison. I don't want to make a life here."
Iroh: "Life happens wherever you are, whether you make it or not."

Prince Zuko: "I don't feel any shame at all! I'm as proud as ever!"
Iroh: "Prince Zuko, pride is not the opposite of shame, but it's source. True humility is the only antidote to shame."

Iroh: "At my age, there is really only one big surprise left, and I'd just as soon leave it a mystery."

Iroh: "Because understanding the struggle between your two great-grandfathers can help you better understand the battle within yourself. Evil and good are always at war inside you, Zuko, it is your nature, your legacy. But there is a bright side: what happened generations ago can be resolved now, by you. Because of your legacy, you alone can cleanse the sins of our family, and the fire nation. Born in you, along with all strife, is the power to restore balance to the world."

[Iroh has just watched a group of boys accidently kick a ball through a window] Iroh: [to the boys] "It is usually best to admit mistakes when they occur, and to seek to restore honor."
Angry Man: [coming to the window] "When I'm through with you kids, the window won't be the only thing broken!"
Iroh: "But not this time. Run!"

Iroh: "While it is always best to believe in one's self, a little help from others can be a great blessing."

Iroh: "It is important to draw wisdom from many different places."
တခြား ဇာတ်ကောင်တွေ ပြောတဲ့ အထဲမှာလည်း အများကြီး မှတ်သားစရာတွေ ပါပါတယ်။ လောလောဆယ် Fire nation ရဲ့ princess Azula ပြောတဲ့ စကားတစ်ခွန်းကို မှတ်မှတ်သားသား ရှိနေတယ်။

"The true power, the divine right to rule is something you're born with."

ဆိုတာလေးပါ။ စိတ်ထဲမှာ တွေးကြည့်တော့လည်း ဖြစ်နိုင်တယ်လို့ ထင်မိတာပဲ။ အခုခေတ် ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံတွေကို ကြည့်ကြည့်မိတော့။ ဒီပိုစ့်ကလည်း ဘာရယ်တော့မဟုတ်ပါဘူး။ ရေးစရာမရှိလို့ ဆားချက်တာ လို့လည်း ပြောလို့ ရကောင်း ရပါလိမ့်မယ်။

Monday, April 06, 2009

New Background (April 6)


ဒီနေ့လည် နောက်ခံ ထားဖို့ အောက်ခြေပုံလေး ဖြတ်ညှပ်ကပ် လုပ်ဖြစ်တယ်။ တင်ကြည့်လိုက်ပါဦးမယ်။ သိပ် မျက်စေ့ရှုပ်တယ် ဆိုရင်တော့ တစ်ပတ်လောက် ထားပြီး ပြန်ဖြုတ်လိုက်မယ်။

Friday, April 03, 2009

ပေါက်ပေါက်ရှာရှာ (၄)

နံပတ် (၃) ရဲ့ ရလာဒ်လေးတွေ ကြည့်ကြရအောင်။

ကိုကာကိုလာ ပုလင်းတော်ကြီးနဲ့ ပတ်သက်လို့ ကျနော်က ဒုတိယ နောက်ဆုံး တတိယ အဖြေကိုပဲ ဖြေကြမယ် ခန့်မှန်းထားတာ ပထမဆုံး အဖြေကို ရွေးတဲ့လူ ၄ ယောက်တောင် ရှိပါတယ်။ ကျန်တဲ့ ၁၄ ယောက်ကတော့ အောက်ဆုံး အဖြေပေါ့။ အဲဒီ လက်ညှိးဖြတ်ပြီး ပုလင်း ပြန်ယူတဲ့ လူတွေအနေနဲ့ လက်ညှိးပြတ်ကြီး အထဲမှာ ရှိနေမဲ့ ပုလင်းကို ဒီအတိုင်းကြီး ပြထားဖို့ကို ဘယ်လိုလုပ် စဉ်းစားမိကြလဲ မသိဘူး။ နောက်ဆုံးတော့ သူတို့ လုပ်တာဟာ နံပတ် ၂ အဖြေအတိုင်းပဲ ဖြစ်သွားမယ်လို့ ထင်ရတယ်။

မောင်ထူးမြတ်ကို မေတ္တာ ဘယ်လောက် ထားလဲ မေးထားတဲ့ နံပတ် (၂) မောင်ထူးမြတ်နဲ့ လမ်းမှာ တွေ့ရင် ဆိုတာမှာတော့ စုစုပေါင်း ၁၉ ယောက် မဲပေးထားကြပါတယ်။ စိတ်ချမ်းသာစရာပဲ... မောင်ထူးမြတ်ကို တွေ့တာနဲ့ ပြေးဖက်ချင်တဲ့ လူတွေက ၉ ယောက်တောင် ရှိပါတယ်။ နားရွက် တံတွေး ဆွတ်ချင်တဲ့ လူတွေ ကတော့ ငါးယောက်လောက် ရှိပြီး မမြင်ချင်ယောင် ဆောင်နေမဲ့ လူက လေးယောက် ရှိပါတယ်။ နောက်ဆုံး ကျန်တဲ့ တစ်ယောက်ကတော့ ကားနဲ့ တိုက်သတ်ချင်တဲ့ လူပါ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ မောင်ထူးမြတ်ကို ကားနဲ့ တိုက်သတ်ချင်တဲ့ လူဟာ ၁၉ ယောက်မှာ ၁ ယောက်သာ ဖြစ်တဲ့အတွက် ကားနဲ့ လိုက်တိုက်ခံရဖို့ အတော်လေး ရာခိုင်နှုန်း နည်းနေပါတယ်။ :D

နောက်ဆုံး တစ်ခုမှာတော့... နံရံကို လျှာနဲ့ လျက်ချင်သူ တစ်ယောက်၊ အော်ဆဲချင်သူ ၄ ယောက်၊ သေးပေါက်ချမဲ့ သူက တစ်ယောက်၊ ကိုယ့်ဟာကိုယ် ဦးအောင် သတ်သေမဲ့ လူက တစ်ယောက်၊ ဘုရားတပြီး မျှော်လင့်မဲ့ လူက ၉ ဦးတောင် ရှိပါတယ်။

အခု နံပတ်လေး အတွက်ကတော့ အဲလို အပစ်ခံရပြီးနောက် သေသွားပြီးတဲ့ အပိုင်းပေါ့။ ဒီတစ်ခေါက်ကတော့ မဲပေးစရာ တစ်ခုပါပဲ။