မနေ့က May Day မှာ ထူးထူးခြားခြား မရှိပေမဲ့ အလုပ်သမားတွေကို ဂုဏ်ပြုသောအားဖြင့် ဆိုပြီး တူတံစဉ် အင်္ကျီကို အထဲက ခံဝတ်၊ ရှပ်အင်္ကျီကို အပေါ်ကနဲ့ အလုပ်သွားတယ်။ အဲဒါ ဆိုင်က အလုပ်ဆင်းတဲ့အချိန် လခထုတ်ဖို့ ထိုင်စောင့်နေရင်း ရှပ်အင်္ကျီကို ကြယ်သီးချွတ်ထားလိုက်တာ ဆိုင်ရှင်ရဲ့ အမျိုးသမီး အဒေါ်ကြီးက ကွန်မြူနစ် တံဆိပ်လားလို့ မေးတယ်။ ကျနော်ကလည်း အလုပ်သမား လယ်သမားတံဆိပ်ပါ။ ဒီနေ့က အလုပ်သမားနေ့လေလို့ ပြောလိုက်တယ်။ ကွန်မြူနစ် တံဆိပ်နော် ဆိုပြီး လန့်နေသေးတယ်။ အဲဒီ အဒေါ်ကြီးက တရုတ်ပါ။ တလောက မားသားကြီးနဲ့ အမေရိကန် ပါလီမန် ရှေ့ကို အဲဒီ အင်္ကျီ ဝတ်ပြီးသွားတာ အဖြူတွေတောင် ဘာမှမပြောဘူး မနေ့က တရုတ် အဒေါ်ကြီးက တူတံစဉ်ကို လန့်နေတယ်။ အဟီး...
ကျနော်က ဘာရယ်မဟုတ်ပါဘူး။ ကိုယ်သုံးနေတဲ့ ပစ္စည်းတွေထဲမှာလည်း အလုပ်သမားတွေ လုပ်ထားတာက ပြေးလို့မလွတ်သလို၊ ကိုယ် စားနေတဲ့ အစာတွေမှာလည်း လယ်သမားတွေ စိုက်တာနဲ့ ရှောင်လို့မှ မလွတ်တာ။ အဲဒီ အမှတ်အသား ဝတ်ရတာ သဘောကျပါတယ်။ တကယ်တော့ တူ တံစဉ်အစား လယ်ထွန်စက်နဲ့ ကရိန်းကားပုံ လုပ်မှ အခုခေတ်နဲ့ ကိုက်တော့မှာ ဖြစ်ပေမဲ့ ဒီတံဆိပ်လောက် ကောင်းမယ်မထင်ဘူး။ အဲဒါကြောင့် ကျနော် ဒီတံဆိပ်ပဲ သဘောကျမိတယ်။

1 comments:
အဲ့ တံဆိပ်က တော်တော်အားရှိတာဗျ ဒီဇိုင်းထုတ်တဲ့သူ
တော်တော် တော်တယ်လို့ပြောရမယ် ... ကျွန်တော်အကြိုက်ဆုံး လိုဂိုတွေထဲမှာ အဲ့တံဆိပ်လည်း ပါတယ်ဗျ
Post a Comment