Thursday, April 23, 2009

Stronghold Crusader (Facing AI Players) 2

Wolf အထိ ရေးပြီးသွားပါပြီ။ ကျနော် ဒီမှာ ရေးဖို့ကို ပြန်ပြန် ဆော့ရင်း သတိထားမိတာက... အချိန်တွေ ကြာလာတဲ့အမျှ ကျနော် တင်ပြထားတဲ့ ခံတပ် တည်ဆောက်ပုံ အပေါ်မှာပဲ ဆင့်ကဲ ဆင့်ကဲပြီး အကာအရံတွေ များများလာတာကို တွေ့တွေ့လာရပါတယ်။ အဲဒီတော့ အချိန် ကြာလေလေ တချို့ တချို့တွေက ဖောက်ရ ခက်ခဲလာလေလေ ဖြစ်လာတတ်ပါတယ်။ သတိထားစရာပါ။

Saladin

Saladin ရဲ့ Description မှာကိုက Desert Economy ကို ကောင်းကောင်း လည်ပတ်နိုင်တဲ့ Lord တစ်ယောက် အဖြစ် ပြောထားပါတယ်။ တကယ်လည်း တော်တော်လေးကို ကောင်းကောင်း လည်ပတ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုကို
အသားပေးထားတဲ့ အတွက်လည်း သူ့ရဲ့ ခံတပ် တည်ဆောက်ပုံဟာ တိုက်ခိုက်လို့ လွယ်ကူသွားရတာ ဖြစ်ပါတယ်။

အထက်မှာ မြင်ရတဲ့အတိုင်း သူ့ခံတပ် ပုံစံဟာ ရိုးရှင်းပါတယ်။ ဒါပေမဲ့ လောက်လွှဲနဲ့ ပစ်ခတ်ရ အခက်အခဲ ရှိပါတယ်။ သူ့ရဲ့ မျှော်စင် အဝိုင်းကြီးတွေပေါ်မှာ မြားပစ်လက်နက် တင်ထားတတ်လို့ပါ။ အဲဒါနဲ့ မမီတဲ့ နေရာမှာ Deploy လုပ်ထားရင်လည်း ပစ်လို့ မမီတော့ ပြန်ဘူး။ အခက်အခဲ ရှိပါတယ်။ ကျုံးက အရှေ့မှာ နည်းနည်းပဲ တူးထားပြီး တံခါးကို ကစားသူ player ဖက်က ကြည့်ရင် ကျောဖက်မှာ ဖောက်ထားတတ်ပါတယ်။ အဲဒီ အနောက်ကို ရောက်အောင် သွားဖို့ဟာ Heavy Infantry နဲ့ဆို မလွယ်ပါဘူး။


ကျနော်ပြောခဲ့တဲ့ သူ့ရဲ့ ပျော့ကွက်ကတော့ သူ့ရဲ့ ကုန်ထုတ်လုပ်မှု အဆောက်အအုံတွေပါ။ များလွန်းအားကြီးပြီး မြို့ရိုးအပြင်ကိုတောင် လျှံထွက်နေတတ်ပါတယ်။ မြို့ရိုး နံရံနဲ့ ကပ်ပြီး အိမ်တွေ၊ Mercenary Post၊ ဈေး တို့ကို ဆောက်ထားလေ့ ရှိပါတယ်။ တစ်ယောက်ကို ရွှေ ငါးပြားသာ ပေးရတဲ့ မီးတုတ်ကိုင် Arabian Slave တွေကို အနည်းဆုံး ၁၀ ယော
က် အများဆုံး ၂ဝ အထိ ဝယ်ပြီး မြေပုံရဲ့ တစ်ဖက်စွန်း ထောင့်ကို ခေါ်သွားပြီး မျက်နှာချင်းဆိုင်က မဝင်ပဲ နောက်ဖက်ကို ဘေးတိုက် ဝင်သင့်ပါတယ်။ ဝင်တဲ့နေရာမှာ မြို့ရိုးနား နီးလာလေလေ အကြိမ်ပေါင်း များစွာ Click နှိုပ် အမိန့်ပေးပြီး နီးရာ အိမ် တစ်အိမ်အိမ်ကို မီးရှို့ခိုင်းပါ။ အကြိမ်ပေါင်းများစွာ Click နှိုပ်ခိုင်းရတာက... သူတို့ဟာ လမ်းမှာ တွေ့ရင် တွေ့တဲ့ လူတွေကို မီးတုတ်နဲ့ ရိုက်သတ်နေတတ်တော့ နှောင့်နှေး ကျန့်ကြာပြီး အပေါ်က မြားသမားတွေ လှမ်းပစ်လို့ သေကုန်တတ်ပါတယ်။

Safe ဖြစ်ပြီး ငွေပိုကုန်တဲ့ နည်းလမ်း အနေနဲ့တော့ Arabian
မြင်းစီး မြားပစ် သမားတွေကို Slave တွေ မဝင်ခင်မှာ အခြား မြို့ရိုးဖက်ချမ်းကို Flank တစ်ခုခွဲပြီး အရင် ဝင်ခိုင်းပြီး မြားသမားတွေကို ဆွဲဆောင်ထားပါ။ အဲဒါဟာ Slave အသေအပျောက်နှုန်းကို လျှော့ချနိုင်ပါလိမ့်မယ်။ Timing မကိုက်ရင်တော့ မြွေပါလည်းဆုံး သားလည်း ဆုံးသလို အကုန် သေကုန်တတ်ပါတယ်။

မီးရှို့ဖို့က အဆောက်အဦး တစ်ခုခုပေါ့။ ဒါပေမဲ့ သူ့အနားမှာ
တခြား အဆောက်အအုံတွေ ဆက်စပ်နေဖို့ လိုပါတယ်။ အဲဒါမှ မီးက ပြန့်သွားပါလိမ့်မယ်၊ ဒါ့အပြင် နံရံကိုပါ ကျော်ပြီး ပြန့်သွားနိုင်တဲ့ အတွက် မြို့ရိုး အတွင်းပိုင်းမှာ ပြွတ်သိပ်နေတဲ့ အဆောက်အုံတွေပါ အကုန် မီးစွဲလောင် ကုန်ပါတော့တယ်။

တိုက်ခိုက်မှုကို တန်ပြန်ဖို့ အနေနဲ့က Saladin ရဲ့ တိုက်ခိုက်ပုံဟာ မြင်းစီး မြားပစ် Arabian တွေ တစ်ချက် တစ်ချက် ဖောက်ဝင်လာတတ်ပါတယ်။ မြို့ရိုး ဘေးကို ပတ်ပြီး စိုက်ခင်းတွေက အလုပ်သမားတွေကို ရှင်းပစ်တဲ့အတွက် ကုန်ထုတ် စွမ်းအား လျော့သွားတတ
်ပါတယ်။ ဒုတိယ အဆင့်အနေနဲ့တော့ Siege Weapon တွေရယ်၊ Arabian Sword Man (Heavy Infantry) တွေ တန်းစီပြီး လာတတ်ပါတယ်။ မျှော်စင်တွေ၊ တံတိုင်းတွေပေါ်မှာ Arabian Fire Thrower တွေ တင်ထားပါ။ အနားကပ်ပြီး တံတိုင်းကို လာဖျက်ရင် အပေါ်ကနေ မီးနဲ့ ပစ်ချနိုင်ပါတယ်။ Heavy Infantry တွေကို မြန်မြန်ဆန်ဆန်နဲ့ ရှင်းပစ်နိုင်တာဟာ မီးတောထဲမှာပဲ ဖြစ်ပါတယ်။

Caliph

တော်တော် စိတ်ရှုပ်စရာ ကောင်းပါတယ်။ သူနဲ့ တိုက်ရတာ ပွဲစကတည်းက စိတ်ပူနေရပါတယ်။ သူ့ ခံတပ် ကျတော့လည်း ပိစိလေးနဲ့ ဖောက်ရဖို့ဟာ နည်းနည်း လည်ပါတယ်။ စစချင်းကတည်းက စိတ်ညစ်ရတာဟာ ပွဲစပြီး သိပ်မကြာခင်မှာပဲ Arabian Slave တွေ လာပြီး ခံတပ်နဲ့ ဝေး
ဝေးမှာ ရှိနေတတ်တဲ့ ကျောက်မိုင်း၊ သံမိုင်း၊ စိုက်ခင်းတွေကို မီး လာလာ ရှို့တတ်တာပဲ ဖြစ်ပါတယ်။ သူက ပင်မ ခံတပ်ကြီးကို လာရင်မဆိုင်ပဲ ကွေ့ပတ်သွားပြီး မီးသွားသွား ရှို့နေတာ ဖြစ်တဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပါတယ်။


သူ့ခံတပ်မှာ မျှော်စင် အကြီး တစ်ခုမှ မသုံးပဲ မီးမြား ပစ်နိုင်တဲ့ မီးခွက်တွေ တင်ထားတဲ့ မျှော်စင် အဝိုင်း အမြင့်တွေကို အများကြီး သုံးထားတတ်ပါတယ်။ အပေါ်မှာ Fire Thrower တွေ တင်ထားတာတွေ၊ မြား မီးငြှိဖို့ မီးခွက်တွေ တင်ထားတာတွေ တွေ့ရတာနဲ့ သူ pitch တွေနဲ့ မီးလောင်ကွင်းတွေ ထောင်ထားတာကို သဘောပေါက်ရပါမယ်။ Infantry နဲ့ ဝင်ရင် တပ်လုံးပြုတ်မဲ့ ခံတပ်မျိုးက တစ်မျိုးပါ။ Catapult တွေ သုံးပြီး အရင်ဖြို၊ မီးလောင်လို့လည်း ဆုံးရှုံးမှု သိပ်ရှိမှာ မဟုတ်တဲ့ ဈေးချိုချို infantry ကို အရင်လွှတ်။ ဒါမှမဟုတ် assassin တွေ လွှတ်နိုင်ပါတယ်။ ခံတပ်အထူကတော့ တစ်ထပ်တည်းပါ။ အင်မတန် ပါးလွှာပါတယ်။

ဆက်ပါဦးမယ်... အမလေးဟ... မထင်ရပဲ ဒီဟာကလည်း ရှည်လျားလိုက်တာ... တော်တော်လေး ပြောရသားပဲ...

0 comments: