Wallpaper လေးတွေ လုပ်ဖြစ်တယ်။ ဆွဲချမယ်ဆို ပုံပေါ်က Click ပြီး ပုံချည်းသာ ရှိတဲ့ စာမျက်နှာကို ရောက်သွားရင် ပုံပေါ်မှာ ဘယ် Click နှိုပ်ပါ။ နောက် အဲဒီထဲက Save as ဆိုတာကို ရွေးချယ်ပြီး လိုချင်တဲ့ နေရာမှာ ဖိုင်ကို သိမ်းယူနိုင်ပါတယ်။
သုံးပုံထဲက လက်သီး လက်မောင်း တန်းနေတဲ့ ပုံက လက်သီးနဲ့ ကြယ်နဲ့ကတော့ သူများ ဒီဇိုင်းပါ။ မူရင်း ဒီဇိုင်းကို အောက်မှာ တင်ပြထားပါတယ်။ အဲဒီ ဒီဇိုင်းကို ကျနော့်ဟာ ကျနော် Paint ထဲမှာ လက်သီးနဲ့ ကြယ်မှာ လက်သီးကို သတ်သတ် ခွဲထုတ်၊ ဘယ်လှည့်၊ ညာလှည့်ပြီး ကိုယ့် composition နဲ့ ကိုယ် ကြည့်ကောင်းမယ် ထင်သလို ပြန်ပွား ထားတာပါ။ အပေါ်မှာ 28 days later font ကို အသုံးပြုထားပါတယ်။

To Victory (wallpaper) by Htoo Myat is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 United States License. Based on a work at htoomyat.blogspot.com. Permissions beyond the scope of this license may be available at htoomyat.blogspot.com.
အောက်က Wallpaper ကိုတော့ အေကေ ၄၇ နှစ်လက် အဲလို ဆိုင်နေတဲ့ပုံ ရဖို့ တကယ့် သေနတ် စောင်းနေတဲ့ ဓါတ်ပုံကို အင်တာနက်ပေါ်မှာ အရင် ရှာပါတယ်။ စောင်းနေတာ မရလို့ အသုံးဝင်မယ် ဆိုတဲ့ ပုံကိုပဲ ယူလိုက်ပါတယ်။ အဲဒီ ဓါတ်ပုံကိုမှ Paint နဲ့ အပေါ်မှာ အရောင် ဆိုးပစ်လိုက်ပါတယ်။ ဓါတ်ပုံနဲ့ သက်ဆိုင်တာ ဘာမှ ပေါ်မနေတော့တဲ့ အတွက် မူရင်း ပုံကို တင်မနေတော့ပါဘူး။ အဲလိုနဲ့ သေနတ်ပုံစံ ရပါတယ်။
နောက် လိုအပ်တဲ့ ဒီဂရီကို စောင်းနေရအောင် Microsoft Windows Picture Manager ထဲမှာ ဝင်လုပ်ပါတယ်။ ပြီးတော့မှ Paint ထဲမှာ Copy လုပ်၊ နောက်တစ်ခေါက် ပြန် Paste လုပ်တဲ့အခါ သေနတ် ပုံရိပ် နောက်တစ်ခု ထွက်လာပါတယ်။ အဲဒီ သေနတ်ကို Flip လုပ်လိုက်ပြီး ပြောင်းပြန် လှည့်လိုက်ပြီး နှစ်ခုကို ထပ်လိုက်ပါတယ်။ ကြယ်ကတော့ အထူး ပြောစရာ မလိုပါ။ Font ကတော့ Alias ပါ။
စာသား Anti-Non Violence ဆိုတာကတော့ Non-Violence (အကြမ်းမဖက် လမ်းစဉ်)ကို ဆန့်ကျင်တယ် ဆိုပြီး သုံးချင်တာပါ။ အဲလို သုံးထားတာ တခါမှ မမြင်ဖူးပဲ ကိုယ့်ဟာကိုယ် ရမ်းချလိုက်ပေမဲ့ ဖတ်မိတဲ့လူတွေ ဘာကို ဆိုလိုတယ် ဆိုတာ သဘောတော့ ပေါက်လွယ်မယ်လို့ ယူဆပါတယ်။
Anti-Non Violence (wallpaper)(1280:1024)(png)

Anti-Non Violence (wallpaper) by Htoo Myat is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 United States License. Based on a work at htoomyat.blogspot.com. Permissions beyond the scope of this license may be available at htoomyat.blogspot.com.
နောက်ဆုံး တစ်ခုကတော့ ကျနော် လုပ်ထားဖြစ်ခဲ့တာ ကြာပါပြီ။ အစက Wallpaper အနေနဲ့ မဟုတ်ပါဘူး။ Design တစ်ခု အနေနဲ့ပဲ လက်ဆော့ထားခဲ့တာပါ။ ဒီကနေ့ wall paper တွေ လျှောက်လုပ် ဖြစ်တော့မှ ချောင် ထိုးထားတဲ့ အဲဒါလေးကို ပြန်သတိရပြီး Wall paper size ကို ချဲ့ပေးလိုက်တာပါ။ စာသား Red Dawn ဆိုတာ ကတော့ Red Alert 2 ရဲ့ ပထမဆုံး Soviet Mission က ခေါင်းစဉ် (The Red Dawn) ကို သဘောကျလို့ အဲဒီတုန်းက ယူဖြစ်သွားခဲ့တယ် ထင်ပါတယ်။
အနီရောင် အာရုံဦးပေါ့။ ဒါပေမဲ့ တစ်ပုံလုံး နီတာလည်း ဘာမှမပါပါလားလို့ မေးရင်တော့... အစက ကျနော် မတောက်ပတဲ့ အနီရောင်ရဲ့ တူတံစဉ်ကို အနက်ရောင် နောက်ခံနဲ့ လုပ်ထားတာပါ။ အဲဒီမှာ အဖြူရောင်လေး ထည့်မိသွားရာကနေ ဆက် လက်ဆော့လိုက်တာ အနီရောင်ထည့်ရင် အဆင်မပြေတော့ဘူး ဖြစ်သွားလို့ တွေ့ရတဲ့ အရောင်အတိုင်း ဆက်လုပ်လိုက်တာပါပဲ။ မျက်စေ့တော့ အနည်းငယ် နောက်မယ် ထင်ရပါတယ်။ ကျနော် တင်ကြည့်ကြည့်တာ သိပ်ကြီးတော့ မဆိုးလှဘူးလို့ ထင်မိပါတယ်။
The New Red Dawn (wallpaper)(1280:2040)(png)

The New Red Dawn (wallpaper) by Htoo Myat is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 United States License. Based on a work at htoomyat.blogspot.com. Permissions beyond the scope of this license may be available at htoomyat.blogspot.com.

1 comments:
မောင်ထူးမြတ်ဘလော့ဂ်ကို အရင်က မိတ်ဆွေတဦးရဲ့ နာမည်နဲ့ ဆင်လို့ အဲဒီမိတ်ဆွေများ ဖြစ်နေမလားလို့ တခါရောက်ဖူးပေမယ့် ကလေးလေးမှန်း သိတော့ နောက် တခါမှ မရောက်ဖြစ်ခဲ့ပါဘူး။ အခုမှ တခါ ပြန်ရောက်တယ်။ မောင်ထူးမြတ်က အနုပညာဖန်တီးတဲ့နေရာမှ သိပ်ကို ကောင်းတာပဲ။ အနုပညာနဲ့ ထွန်းထွန်းပေါက်ပေါက် ဖြစ်ပါစေလို့ အန်တီဆုတောင်းပါတယ်။ လေ့လာသွားပါတယ်။ အခု အန်တီရောက်လာတာက မခင်မင်းဇော် ဘလော့ဂ်မှာ ရေးထားတဲ့ သားရဲ့ အရွယ်နဲ့ မလိုက်အောင် နားလည်တဲ့ မှတ်ချက်လေးကို ကြည့်ပြီး နောက်ယောင်ခံရင်းနဲ့ ဘလော့ဂ်တွေကို တွေ့လိုက်ရတော့ အနုပညာပါရမီကို ပို အကဲခတ်လို့ ရသွားတယ်။ မိခင်တယောက်ယောက်ရဲ့ သားသမီးအပေါ် ထားရှိတဲ့ စေတနာကို နားလည်တဲ့ သားတယောက် ဖြစ်တဲ့အတွက် ဘ၀မှာ ကောင်းကျိုးလိုရာ ဆန္ဒတွေ အောင်မြင်ပါစေလို့ အန်တီဆုတောင်းတယ်။ ဒီမှာ အန်တီတွေ့ရတာ ကလေးတွေအတော်များများ မိဘစေတနာကို နားလည်တာ သိပ်နည်းတယ်။ အန်တီ့သားလေး ကြီးလာရင်လည်း မောင်ထူးမြတ်လို မိဘစေတနာကို နားလည်တဲ့သား ဖြစ်ဖို့ မျှော်လင့်မိပါတယ်။
Post a Comment