Thursday, March 26, 2009

ပေါက်ပေါက်ရှာရှာ (၂)

လွန်ခဲ့တဲ့ နံပတ် ၁ မှာ အခု ပို့စ် တင်တဲ့ အချိန်အထိ (ကျနော် မပါ) လူ ၂၇ ယောက် မဲပေးခဲ့ပါတယ်။
ဆင်နဲ့ တူတူ စီးချင်သူတွေက ၇ ယောက်။
တောဝက်နဲ့ စီးချင်သူက တစ်ယောက်မှ မရှိပါဘူး။
ဖြူကောင်နဲ့ အတူ စီးချင်တဲ့ လူကတော့ ရှားရှားပါးပါး နှစ်ယောက် ရှိပါတယ်။
မျောက်ကိုတော့ ၁၁ ယောက်တောင် ချစ်ကြတယ်။ :D
ငှက်ကုလားအုပ်နဲ့ ဆင်နဲ့ ၇ ယောက်စီ ပြိုင်တူ မဲပေးထား ကြပါတယ်။

တကယ်တမ်းတော့ ဆင်နဲ့ တူတူစီးမယ်ဆို အနည်းဆုံး ဆင်ချေးပုံအတွက် နေရာ၊ ဆင်အတွက် နေရာနဲ့ဆို ကိုယ်ထိုင်ဖို့ ဘယ်လောက်ပဲ ကျန်တော့မလဲတော့ မသိဘူး။ တောဝက်နဲ့ စီးတာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တောဝက်အနေနဲ့ ပက်ဖို့ရာ အရှိုန်နဲ့ ပြေးလာဖို့ ကားထဲမှာ နေရာမရှိပါဘူး။ အဲဒါဆို ဘယ်လို ဖြစ်မလဲ မသိပါဘူး။ ဖြူကောင်နဲ့ စီးချင်တဲ့ လူတွေကတော့ အစားစားထားပြီးစမို့ သွားကြားထိုးချင် ကြတာလား... ဒါမှမဟုတ် တခါမှ အပြင်မှာ မမြင်ဖူးလို့ပဲ ဗဟုသုတ ရအောင် အတူ စီးချင်လို့လားတော့ မသိဘူး။ ဆူးတစ်ချက် ခါလိုက်ရင်တော့ မျက်လုံး နှစ်လုံး အကောင်းအတိုင်းနဲ့ ပြန်ထွက်လာနိုင်ပါစေလို့ အဲဒီ နှစ်ယောက်ကို ဆုတောင်းပေးရမှာပဲ။ :D မျောက်နဲ့ကတော့ ဟိုကိုင် သည်ကိုင် ဟိုကလိ သည်ကလိနဲ့ဆို စိတ်ရှုပ်တတ်တဲ့ လူတွေအတွက်တော့ ရှုပ်ပြီး ပျော်တတ်တဲ့ လူတွေအတွက်တော့ ပျော်စရာ ကောင်းမှာပါပဲ။ ကျနော်သာ ဆိုရင်တော့ ငှက်ကုလားအုပ်နဲ့ပဲ အတူ စီးဖြစ်မယ် ထင်ပါတယ်။ အနီးကပ် မမြင်ဖူးတာလဲ ပါတယ်။ ကျန်တဲ့ သတ္တဝါတွေထက် စာရင် မဆိုးဘူးလို့ မြင်လို့ပေါ့။

ဒါကတော့ မဲပေးထားတဲ့ အထဲက နှစ်ယောက် ရေးသွားခဲ့တဲ့ အမြင်တွေပါ။

Blogger ယောနသံစင်ရော် said...

တို့ကတော့ ဆင်နဲ့ပဲထိုင်မယ်.. ကျပ်ကျပ်တည်းတည်းဖြစ်လည်းကိစ္စမရှိပါဘူး..

တောဝက်ကိုတော့ အစွယ်နဲ့ပက်မှာစိုးတယ်.. နောက်ပြီးသူ့ကိုယ်က နံနေရင်သေရော။

ဖြူကောင်က စိတ်မထင်လို့သူ့ဆူးတွေကိုခါလိုက်မှဖြင့် မျက်စိကိုတက်မှန်မှာစိုးတယ်။

မျောက်ကျတော့ တသက်လုံးမငြိမ်တဲ့ကောင်.. သူနဲ့များတွဲစီးရရင်..မူးတာနဲ့သေသွားနိုင်တယ်။

ဌက်ကုလားအုပ်ကြပြန်တော့လည်း ခန္ဓာကိုယ်က အချိုးအစား မကျဘူး.. သူ့ခြေထောက် တွေကိုရှောင် နေရဦးမယ်။

March 25, 2009 11:27 PM

Delete

Blogger မိုးခါး said...

အင်း ဆင်နဲ့ပဲထိုင်မယ် .. ယောနသံစင်ရော်ပြောသလိုပဲ စိုးရိမ်လို့ :D .. ပြီးတော့ ကိုယ်တိုင်ကလည်း ဆင်ပဲဆိုတော့ :D

ကဲ... နံပတ် ၂ ကျရင်တော့ နည်းနည်း ခက်ခက်ခဲခဲ မဲပေးဖို့ သုံးခု ထားမယ်။ တကယ် နက်နဲတဲ့ မေးခွန်းတွေ ဆိုတော့ မဲပေးခါနီးမှာ အတော်လေးကို စဉ်းစားနေရမှာတော့ အားနာပါတယ်ဗျာ...






7 comments:

မိုးခါး said...

ဖြေဆိုလို့ဖြေသွားပါတယ် .. မြေဖြူခဲကိုကိုင်ဖြစ်မယ်မထင်ဘူး .. ကိုယ့်ကိုရောပြုတ်မယ့်ဟာလည်း ဘာရွေး၇မှန်းမသိလို့ က်ြဟင်းခါးသီးရွေးသွားတယ် .. တကယ်ကတော့ မရွေးချင်ဘူး .. :D .. ရုပ်ရှင်တော့ ကုလားကားကြည့်ရင်ပိုမူးမှာစိုးလို့ မကြည့်တော့ဘူး .. မြန်မာကားပဲကြည့်တော့မယ် .. :D

Htoo Myat said...

မရတဲ့အဆုံး ရုံးပတီသီး ရွေးပေါ့ဗျ။ ကျနော် ရွေးချင်တာ ပြောပါတယ်။ ချွဲကျိ ချွဲကျိနဲ့ဆိုတော့ တစ်မျိုးလေး နေမယ်ထင်တယ်။ :D

မိုးခါး said...

အပြုတ်လည်းခံရဦးမယ် .. ချွဲကျိကျိနဲ့ မဖြစ်သေးပါဘူးး(

pandora said...

မြေဖြူခဲနဲ့ ပုံဆွဲတယ်
ရုံးပတီနဲ့ ထည့်ပြုတ်တယ်
ကုလားကားပဲ ကြည့်သွားပါတယ်။

မေ said...

မမေရွေးတာတွေက မိုးခါးနဲ့တူတယ် ...
ရွံလို့ မြေဖြူခဲကို မကိုင်ဘူး (မတတ်သာလို့ အများသုံးအိမ်သာ ၀င်ရတာ အိမ်သာထဲမှာ ဟိုဆော့ဒီဆော့ လုပ်နေရင် နံကနံ၊ ညစ်ကညစ်ပတ်နဲ့)
နောက်တခုက ကြက်ဟင်းခါးသီးဆိုတော့ ခါးမယ်ထင်တယ်။ ရောပြုတ်တော့ ခါးပြီး လူရိုင်းတွေ သိပ်မစားနိုင်ကြတော့ အဖဲ့ခံ အကိုက်ခံရတာ သက်သာတာပေါ့
ရုံးပတီသီးကတော့ မုန်းတဲ့ ဓာတ်ခံ ရှိလို့ ထည့်ကို မစဉ်းစားတာ။
ရုပ်ရှင်ကတော့ ဗမာကားလေး ဖွင့်ပီး မျက်စိမှိတ်နေလိုက်မယ်။ (တခါတလေ အပျင်းပြေ ဗမာကားကြည့်ရင် အဲလို မျက်စိမှိတ်ပြီး နားပဲထောင် တတ်တယ်)

ပထမတခုတုန်းက မျောက်ကို ရွေးလိုက်တယ်။ ဆင်ဆို နင်းခံရရင် သေမှာစိုးလို့၊ ၀က်ကတော့ နံတာရယ်၊ အစွယ်ကြောက်တာရယ်၊ ဖြူကို ရွေးဖို့ပဲ၊ အိမ်မှာ သံချပ်ကာ အကျီမရှိလို့၊ ငှက်ကုလားအုပ်ကတော့ ရုပ်ဆိုးတယ်၊ အချိုးအစားမကျဘူး။ နောက်ဆုံး မတတ်နိုင်တော့ မျောက်ပဲ ရွေးလိုက်တယ်။ မျောက်အရင်မူးလဲသွားအောင် ကိုယ်က ဆော့လိုက်မယ်လို့ စဉ်းစားပြီ၊းလေ :D

ယောနသံစင်ရော် said...

မြေဖြူခဲမကလို့.. ပိုက်ဆံဖြစ်ပါစေ..မကိုင်...း( ရွံ့တယ်။

ရုံးပတီသီးနဲ့ ပြုတ်ခံမယ်..သူ့အချွဲလေးတွေကြောင့် မီးအပူရှိန်မတက်အောင်အချိန်နည်းနည်းများပိုကြာမလားလို့။
ငရုတ်သီးကတော့ မီးပူရတဲ့ကြားထဲပိုပူနေပါ့မယ်။

ကုလားကားပေရှည်တယ်..
မြန်မာကားကလိထိုးရယ်ခိုင်းမယ်
ဥရောပကားပဲကြည့်တော့မယ်.. အင်တာနယ်ရှင်နယ် လန်းဂွတ်ရှ် (ဟန်ပန်အမူအရာတွေ) နဲ့ဆိုနားလည်မှာပါ။

ThuHninSee said...

အိမ်သာတောင် အောင့်ထားမရတဲ့အဆုံးမှ ၀င်မှာ။ မြေဖြူကိုင်ဖို့ ဝေးရောပဲ။
ဘာမှန်းမသိတဲ့ကားကြည့်ရတာ ပိုကောင်းသလားလို့။
ကြက်သွန်ဖြူကြိုက်လို့ ရွေးလိုက်တယ်။
အင်မတန်မုန်းတဲ့ ကက်ဟင်းခါးသီးနဲ့ အတူအပြုတ်မခံနိုင်ပေါင်။
မမွန်