Friday, March 20, 2009

သံသာ ဟစ်ကြွေး သီဆို တောင်းသူတေး

ဒီနေ့ တကယ် စိတ်ထဲ ထိစေတဲ့ ဗီဒီယို တစ်ခု Youtube မှာ ကြည့်လိုက်မိတယ်။

ကျနော့် ဘ၀မှာ တစ်ယောက်ယောက်ကများ အခုချက်ချင်း အလုပ်တစ်ခုခု ထလုပ်ပြီး ငွေရှာစမ်းဆို ကျနော် ချက်ချင်း ထလုပ်နိုင်တဲ့ အလုပ် တစ်ခုသာ ရှိပါတယ်။ ဂစ်တာလေး ယူပြီး လမ်းပေါ်မှာ သီချင်းနဲ့ ဖျော်ဖြေမှာပါပဲ။ အဲဒါဟာ ကျနော် သဘောကျတဲ့ အလုပ် တစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်တီးတာက အဆင့်မမီသေးတော့ တစ်ခါမှတော့ မစမ်းကြည့်ရသေးဘူး။ အခု ဒီမှာ ရာသီဥတုကလည်း အေးနေပြီး ဂစ်တာလည်း မရှိသေးတော့ မလုပ်ဖြစ်ဘူး။ အသံကလည်း ချောင်းတွေဆိုးလို့ တစ်မျိုးကြီး ဖြစ်နေတယ်။ နှာခေါင်းပါ ပိတ်လိုက်တော့ ပိုဆိုးတာပေါ့...

အင်း ပြောချင်တာကို အခုမှ ရောက်တော့မယ်။ မြန်မာပြည်က လမ်းဘေး ဖျော်ဖြေမှုလေး တစ်ခုပါ။ အရမ်းကို ကောင်းလွန်းလို့ America's got talent လို ရှိုးမျိုးတွေ ဝင်ပြိုင်တောင် ဆုရမှာပဲလို့ ထင်မိတယ်။ အဲလို တကယ် ပါရမီ ရှိတဲ့ လူတွေကို မြေတောင် မြှောက်ပေးမဲ့လူ ပေါ်လာနိုင်ရင် သိပ်ကောင်းမှာပဲလို့ စိတ်ထဲမယ် တွေးမိတယ်။




1 comments:

ယောနသံစင်ရော် said...

သနားလိုက်တာ...ဆိုလည်းဆိုတတ်တဲ့ကလေးတွေ ခေတ်တွေပြောင်းကုန်တော့ တောင်းတဲ့သူတွေလည်း ခေတ်အကြိုက်သီချင်းလေးတွေဆိုကြတယ်..
မပြောင်းနိုင်တာကတော့ “.... .....“။