၁၈နှစ်။ ရန်ကုန်မှာရှိခဲ့တဲ့ မွေးနေ့တွေ၊ နောက် မော်လမြိုင်မှာ ရှိခဲ့တဲ့ မွေးနေ့၊ နောက် ရန်ကုန်ကို ပြန်ရောက်လာပြီး ရန်ကုန်မှာ ရှိနေခဲ့တဲ့ မွေးနေ့တွေ၊ ထိုင်းမှာ ရှိနေခဲ့တဲ့ မွေးနေ့တွေ၊ အခု ၁၈နှစ် မွေးနေ့ကတော့ အမေရိကမှာပါ။ အခုလောက်ဆို အာရှမှာတော့ ကျနော် ၁၈နှစ် ပြည့်ပြီ ထင်ပါရဲ... ဒီမှာကတော့ ၁၈နှစ် မပြည့်သေးပါဘူး။ မနက်ဖျန် ၁၁၊ ၃၊ ၂၀၀၉ မှ ပြည့်ပါလိမ့်မယ်။
ကျနော်ကြိုက်တဲ့ Damien Rice ရဲ့ သီချင်း တစ်ပုဒ်ထဲက လိုပါပဲ။
ဆိုသလိုပါပဲ။ မွေးနေ့တွေဟာ ကျနော့်အတွက် ဘာမှ ထူးထူးခြားခြား မဟုတ်ပဲ ဒီလိုပဲ ဖြတ်သန်းသွားကြပါတယ်။ ကျနော် ဟိုး ငယ်ငယ်လေး တုန်းကတော့ မွေးနေ့ပွဲတွေ လုပ်ဖြစ်ခဲ့မယ်၊ လက်ဆောင် ကစားစရာတွေ အများကြီး ရခဲ့တယ် ထင်ပါတယ်။ မော်လမြိုင်မှာ မွေးနေ့ပဲ လုပ်ဖြစ်ခဲ့၊ မဖြစ်ခဲ့ကတော့ ကျနော် မမှတ်မိပါဘူး။
ရန်ကုန် ပြန်ရောက်တော့ တက္ကသိုလ် ရိပ်သာလမ်းမှာ နေတုန်းက အိမ်နားက သူငယ်ချင်းတွေကိုပဲ မုန့်လေး ကျွေးတာပါပဲ။ အဲဒီတုန်းက အဖွားတို့က လက်ဆောင် ယူမလာနဲ့လို့ ပြောထားတဲ့အတွက် လက်ဆောင်တော့ မပါပါဘူး။ နောက် ထိုင်းကို ရောက်လာတော့ အမေက မွေးနေ့တစ်ခုမှာတုန်းက မုန့်ဟင်းခါး ချက်ပေးတယ်ထင်တယ်။ တကယ်တော့ ကျနော်တို့ အိမ်မှာက အပတ်တိုင်း ချက်နေတဲ့အတွက် ထူးထူးခြားခြား မရှိပါဘူး။
နောက် ကျနော် နယ်စပ်မှာ ကျောင်းသွားတက် နေရတုန်းကတော့ ကျနော့် မွေးနေ့မှာ အဲဒီကျောင်းမှာ ကြာဆံကြော် ကျွေးနိုင်ဖို့ စီစဉ်ပေးတယ်။ ကျောင်းမှာ စုစုပေါင်းမှ လာတက်နေတာ လူ ၂၀ လောက်ပဲ ရှိတာဆိုတော့ အဆင်ပြေပါတယ်။ အမေတို့ကို အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ ကျနော်က လူတွေကို ကျွေးရင်လည်း မစို့မပို့ထက်စာရင် အဲလို ဝဝ ကျွေးရတာ သဘောကျတယ်။ အဲဒီ တုန်းကလည်း သူငယ်ချင်းတွေ ထဲမှာ လက်ဆောင် ပေးနိုင်မဲ့လူ မရှိတဲ့အတွက် လက်ဆောင် မမျှော်လင့်ခဲ့ပါဘူး။ မမျှော်လင့်ခဲ့တဲ့ အတိုင်းပဲ လက်ဆောင်မရခဲ့ဘူးလို့ မှတ်မိပါတယ်။ မဆုမွန် တစ်ယောက်ကတော့ အဲဒီ မွေးနေ့မတိုင်မီ ဒိုင်ယာရီ စာအုပ်လေး လက်ဆောင်ပေးတယ်။ ကျနော်က ရေးလေ့မရှိတော့ ဒီအတိုင်းပဲ သိမ်းထားလိုက်ပါတယ်။ ဒီကို ပြောင်းလာတော့ ဒီအတိုင်းပဲ ကျန်ခဲ့လေရဲ့... လက်ဆောင်အကြောင်း ထည့်ထည့် ပြောတာက သူများတွေ အတွက်ဆို မွေးနေ့က လက်ဆောင်ရတဲ့ ပျော်စရာ နေ့လေးလို့ ကြားဖူးလို့ပါ။
အဲဒီတော့ ပြောရရင် ကျနော့်ဘ၀မှာ မွေးနေ့ကို အထူးတလည် ပွဲလေးလို လုပ်ပြီး ဖြတ်သန်းရတယ်ဆိုတာ ဒီ ၁၈နှစ် အတွင်းမှာ ကျနော် မှတ်မိတာ ဆိုလို့ အများဆုံး ၅ ခုတော့ ရှိကောင်း ရှိပါလိမ့်မယ်။ အဲဒီတော့ ဒီနှစ် ကတော့ ထုံးစံအတိုင်း တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖြတ်သန်းမယ်လို့ ပြောရပါမယ်။
ဒါပေမဲ့ ဒီမွေးနေ့ဟာ အသက် ၁၈နှစ် ပြည့်တဲ့ မွေးနေ့ ဖြစ်တဲ့အတွက် ကလေးအခွင့်အရေး စာချုပ်ကို ထားခဲ့ပြီး လူ့အခွင့်အရေး စာချုပ်ထဲကို ၀င်ပြီ ဖြစ်ပါတယ်။ ကျနော့်ကို လူကြီးလို့ ပြောပြီး နားလည်မှုတွေ မပေးကြတော့မဲ့ အချိန်ကို တရားဝင် ရောက်လာခဲ့ပါပြီ။ အသက် ၁၈နှစ်နဲ့ လူကြီးသာ ဖြစ်ပြီလို့ပြောတာ ကျနော့်ဘ၀မှာ လက်ဆုပ် လက်ကိုင် ဘာတွေ ပိုင်ဆိုင်ထားပါသလဲ...
ကျနော့်မှာ ရှိတာတွေဆို...
အခုနေ ကျနော့်မှာ အသက်မွေးဝမ်းကျောင်း ပညာလေး တစ်ခုရှိလို့ အိမ်ပေါ်က ဆင်းနိုင်မယ်ဆို ကျနော် ယူသွားလို့ ရနိုင်တာ (အောက်ဆုံး တစ်ခုက လွဲရင်) ဒါလေးတွေပဲ ရှိမှာပါ။ ကျနော်ဟာ မြန်မာပြည်က ထွက်ခွာ လာရတုန်းက ၈ တန်းဖြေပြီး ခါစမှာ ထွက်လာတဲ့အတွက် ကျနော့်ပညာရေးဟာ ဆယ်တန်းမအောင်တဲ့ လူနဲ့ ဘာမှ မခြားပါဘူး။ ကျနော့် ဒီ ၁၈နှစ်ပြည့် မွေးနေ့ကတော့ မကျေနပ်မှု တွေနဲ့ပဲ ဖုံးလွှမ်းနေပါတယ်။
ကျနော်နဲ့ တူတူ ကျောင်းတက်ခဲ့ကြတဲ့ TTC က သူငယ်ချင်းတွေ၊ သူတို့ ကြိုးစားနေကြတုန်း တစ်ဝက်မှာ ကျနော် ထွက်သွားတယ်။ အခု သူတို့ ဆေးတက္ကသိုလ်တွေ၊ ရေကြောင်းတွေ၊ တချို့က စင်ကာပူမှာ၊ အမေရိကမှာ၊ အားလုံး အဆင်ပြေနေကြပြီ။ ကျနော်ကတော့ ဘာမှ ဖြစ်မလာဘူး။ ကျနော်နဲ့ အတူ ကျောင်းတက်ခဲ့ကြတဲ့ နယ်စပ်က သူငယ်ချင်းတွေ၊ သူတို့ လုပ်နေကြတုန်း တစ်ဝက်မှာ ကျနော် ထွက်သွားရပြန်တယ်။ နောက် အခု သူတို့ General Education Development စာမေးပွဲကို ဖြေကြတော့မယ်။ သူတို့ အောင်သွားကြမယ်။ ကျနော်ကတော့ အခုထိကိုပဲ ဘာမှဖြစ်မလာဘူး။
ကျနော် လိုချင်တဲ့ အရာတွေလည်း ကျနော့်မှာ ဘာမှမရှိဘူး။ ဖြစ်ချင်တာထက် ဖြစ်သင့်တာပဲ အမြဲတမ်း ရွေးနေတဲ့ ကြားထဲကကို ကျနော့်မှာ ဘာမှ ဖြစ်မလာဘူး။ ကျနော် ကြိုက်တဲ့ family guy ကာတွန်းထဲက Stewie ဆိုတဲ့ ကလေးလေးကို သူ့အမေ Lewis က သူမကြိုက်တဲ့ broccoli ကို ခက်ရင်းနဲ့ ထိုးပြီး "လေယဉ်ပျံကြီး လာပြီ ပါးစပ်ဟပါဦး ဆိုပြီး" ချော့ကျွေးတာကို...
လို့ပြောတဲ့ ပုံစံအတိုင်း...
ကျနော် Game programmer ဖြစ်ချင်တဲ့ စိတ်လေးကလည်း အခုနောက်ပိုင်း နည်းနည်းလေး လေ့လာ လိုက်တော့ ကျနော် သိပ် စိတ်ဓါတ်ကျသွားတယ်။ ဒီလောက် ရှုပ်ထွေးတာဆို ကျနော် ဖြစ်နိုင်မယ် မထင်ဘူး ဆိုပြီး Animation ပဲ လုပ်မယ်စဉ်းစားတော့ ကျနော့်မှာ အဲဒီတစ်ခုတည်းနဲ့ ဘ၀မှာ ရပ်တည်နိုင်မလား ဆိုတာ ကလည်း ရှိသေးတယ်။ အဲဒါမရရင် တခြား ဘာလုပ်မယ် ဆိုတာလည်း မစဉ်းစားထားတော့ အတိ ဒုက္ခ ရောက်နေတယ်လို့ ပြောရပါမယ်။ အခုနေ ဒီအတိုင်း ကောလိပ်ဝင်ခွင့် ပေးပြီဟေ့ ဆိုရင်တောင် ကျနော် ဘာတက်ရမယ် ကျနော် မသိပါဘူး။
ဘ၀ရဲ့ ရည်မှန်းချက်တွေ တန်းစီပြောရရင် အယုတ်စွအဆုံး ဂိမ်းကောင်းကောင်း ကစားလို့ ရတဲ့ ကွန်ပျူတာ ကောင်းကောင်းလေး ကိုင်ဖို့၊ ဂစ်တာလေး တစ်လက် ရှိဖို့ လိုမျိုးတောင် မပြည့်မီသေးတာ ကျန်တဲ့ဟာတွေ ထပ်မပြောတော့ပါဘူး။ လောလောဆယ် ၁၈နှစ် ပြည့်ပြီ၊ အောက်မှာလည်း ညီနဲ့ ညီမ ရှိသေးတယ် ဆိုတော့ သေချာတာကတော့ ကျနော့်အနေနဲ့ နောက်ထပ် ၂ နှစ်အတွင်းမှာ အိမ်က ထွက်ပြီး ကိုယ့်ဟာကိုယ် ရပ်တည်နိုင်မှ နည်းနည်းလေး မျက်နှာပန်း လှဖို့ ရှိပါတယ်။
ကျနော့် မိသားစုနဲ့ ကျနော်နဲ့ကလည်း နည်းနည်း ဝေးဝေးလေး နေမှ အဆင်ပြေမယ် ထင်မိတယ်။ ကျနော် သတိထားမိ သလောက် အမေနဲ့ ကျနော် အဆင်အပြေဆုံး၊ ကာလတွေဟာ ကျနော် မိသားစုနဲ့ ခွဲပြီး နယ်စပ်မှာ ကျောင်းသွားတက်နေတုန်း ကာလလို့ ဆိုရမယ် ထင်မိတယ်။ အမေ တခါတလေ လာလည်တာပဲ ဖြစ်ဖြစ်၊ အွန်လိုင်းပေါ် တွေ့ရင်ပဲ ဖြစ်ဖြစ်၊ စကားပြောရင် ချောနေတာပဲ။ သားအမိ နှစ်ယောက် ချစ်ချစ်ခင်ခင်ပေါ့။ အိမ်မှာ ဆိုရင်တော့ ကျနော့်လို ဘာမှလည်း မပြော ဘာမှလည်း မလုပ်တဲ့ အကျင့်နဲ့ အမေလည်း စိတ်ဖိစီးတာနဲ့ အော်သံတွေ ထွက်ထွက်လာ တတ်ပါတယ်။ ကျနော်လည်း အဲလို အအော်ခံရတာ မပျော်ပိုက်တာ အမှန်ပါ။ နီးနီးနေတယ်ဆို ကျနော့် ပုံစံကို သူတို့ သည်းမခံနိုင်ကြဘူး ထင်မိပါတယ်။ အမေတို့က လုပ်ဖို့ လိုအပ်တယ်လို့ ထင်တဲ့အရာတွေကို ကျနော်က မလိုအပ်ပါဘူး လို့ ထင်တာမျိုး အဲလိုမျိုးတော့ ရှိတာပေါ့။
ကျနော် တကိုယ်ကောင်း ဆန်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော် တကိုယ်ကောင်း ဆန်တာဟာ သူများဟာတွေကို ကိုယ့်အတွက် ဆိုပြီး လုယူတာမျိုး မဟုတ်ပဲ ကိုယ့်ဟာကိုယ် အနားမှာ ရှိတဲ့ ပြဿနာတွေကို မေ့ပျောက်ပြီး ကိုယ့်ဟာကိုယ် ဖာသိဖာသာ နေတတ်တာမျိုး ဖြစ်ပါလိမ့်မယ်လို့ ကိုယ့်ဟာကိုယ် ထင်ပါတယ်။
ကျနော် လုပ်ဖို့မလိုအပ်ဘူးလို့ ထင်တဲ့အရာကို ခိုင်းပြီး ကိုယ့်အသိစိတ်နဲ့ ကိုယ် လုပ်ရမှာကို ရှာလုပ်လို့ ပြောတော့ ရေမကူးတတ်ပါဘူး ဆိုမှ ဘာတွေ ဘယ်လို ကူးရမယ် မပြပဲ ရေကူးကန်ထဲ ကန်ချတာနဲ့ အလားသဏ္ဍန်တူတယ်။ ကျနော်က ဘယ့်နှယ့် သိမှာတုန်း။ မလိုအပ်ဘူး ထင်လို့ မလုပ်ပဲ နေမိရင် အဲဒီမှာက ပြဿနာ စပြီ။ အဲဒီတော့ ရေနစ်အသေခံနေရုံက လွဲလို့ ကျနော့်အနေနဲ့ ဘာမှ မတတ်နိုင်ပါဘူး။ ကိုယ်လည်း အလုပ်လေး ဘာလေး ရပြီး မိသားစုကို အနည်းငယ် ထောက်ပံ့နိုင်ရင်တော့ နည်းနည်း အေးအေးဆေးဆေး နေနိုင်မလား မျှော်လင့်မိ ပါတယ်။ ကျနော့် အမှားတွေလည်း ရှိပါတယ်လေ...
အသေးစိတ် မရေးတော့ပါဘူး။ ကျနော့်အမြင်ကို ထုံးစံအတိုင်း ဘယ်သူမှ နားမလည်ပေးကြမဲ့ အတူတူ ကျနော် အဲဒီပိုစ့်တွေ ထပ်မရေးဖြစ်တော့တာ ကြာပါပြီ။ အမေပဲ မှန်ပြီး ကျနော်ပဲ မှားမှာပါပဲ။ အမေက အမေကိုး။
အဲဒီ ကိုယ့်ဟာကိုယ် ရပ်တည်ရတော့မဲ့ အချိန် မတိုင်ခင် အသက်မွေးဝမ်းကျောင်း ပညာ တစ်ခု ရအောင် ဘယ့်နှယ့် လုပ်နိုင်မယ် ဆိုတာကိုတော့ ကျနော် မစဉ်းစား တတ်တော့ပါဘူးဗျာ... ကျနော့် အနေနဲ့ကလည်း အိမ်က ခွဲပြီး ကိုယ့်ဟာကိုယ် ရပ်တည်တယ် ဆိုမှတော့ မိဘဆီက အကူအညီ မျှော်လင့် နေရင် ဘာများ ထူးတော့မှာလဲလို့ ထင်မိတယ်။
စိတ်ကူးယဉ်တတ်တဲ့ လူတစ်ယောက် အနေနဲ့ ကိုယ် ဖြစ်ချင်ခဲ့တဲ့ အရာတွေဟာ တစ်ခုမှ ဖြစ်မလာနိုင်တော့ သလို အိပ်မက်တွေ ပြိုပြို ကျလာခဲ့တာဟာ အင်မတန်မှကို ခံစားရခက်ပါတယ်။ ကျနော် အခု တွေးတဲ့ဟာတွေလည်း နောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲလို ဖြစ်မလာမဲ့ အတွက်လည်း ကျနော့်ဘ၀ကို ကျနော် မအံ့သြတော့ပါဘူး။ ကျနော့်ဘ၀မှာ ဘာဖြစ်မယ်ဆိုတာ ကျနော်ဘယ်တုန်းကမှ ရိပ်ရိပ်လေးတောင် ကြိုတင် မခန့်မှန်းနိုင်ခဲ့ဘူး။ ရှေ့ရေးကို တွေးတွေးနေရရင် ကျနော် အသက် ၁၈နှစ်ပြည့် မွေးနေ့မှာ စိတ်ဓါတ်ကျပြီး ကိုယ့်ဟာကိုယ် သတ်သေမိလိမ့်မယ်။ ကျနော် သတ်မသေမိအောင် ဂိမ်းတွေက ကျနော့် သက်တမ်းကို ဆွဲဆန့်ထားပေးကြတယ်။ အခု ဒီပိုစ့်ကို ဒီမှာပဲ အဆုံးသတ်တာပေါ့။
စာဖတ်သူအတွက် ကတော့ အခုလို ကျနော် ပြောချင်ရာတွေ ပြောခွင့်ပေးပြီး ပြောထားတာတွေ ဆုံးအောင် ဖတ်ပေးတာဟာ ကျနော့် အတွက် အကောင်းဆုံး မွေးနေ့လက်ဆောင်ပဲလို့ ထင်မိပါတယ်။
ကျနော်ကြိုက်တဲ့ Damien Rice ရဲ့ သီချင်း တစ်ပုဒ်ထဲက လိုပါပဲ။
Nothing unusual... nothings changed... just a little older... that's all...

- ကျနော့်အတွက် သူများ လှုတဲ့ ကွန်ပျူတာလေး တစ်လုံးရယ်...
- အ၀တ်အစား နည်းနည်း၊ အနွေးထည် သုံးထည်၊ အပြင်သွားစရာ ဘောင်းဘီ ၂ ထည်၊ ကျနော် မစီးနိုင်တဲ့ ဖိနပ် ကြီးကြီး တစ်ရံ၊ သေးလို့ ကျပ်နေတဲ့ ဖိနပ်တစ်ရံ၊ နောက် ဒီရာသီ၊ ဒီနိုင်ငံမှာ စီးလို့ အဆင်မပြေတဲ့ ညှပ်ဖိနပ် တစ်ရံ။
- တခါတလေ ခလုတ် ဖွင့်လိုက်ရင် ကြောင်ကြောင်ပြီး ရပ်ရပ်သွားတတ်တဲ့ ၁ Gb နီးပါးလေး ဆန့်တဲ့ MP3 player တစ်ခု။ ဖွင့်တိုင်း ကောင်းကောင်း မပွင့်လို့ မသုံးဖြစ်ဘူး။
- နောက်... ကောလိပ် ၀င်ဖို့ သွားဖြေထားတဲ့ အမှတ်စာရင်းလေးနဲ့ ကျနော့် စာရွက်စာတမ်းတွေ။
- ဖုန်းတစ်လုံး (အဲဒါကတော့ သိပ်မသုံးဖြစ်ပေမဲ့ ကိုယ့်အတွက် ပေးထားတော့ ထည့်ရေးတာပါ)
- နောက်... အဆက်အသွယ် ပြတ်နေတဲ့ ချစ်သူတစ်ယောက်။ (တကယ်တော့ ကျနော် မပိုင်ဆိုင်ပါဘူး)
အခုနေ ကျနော့်မှာ အသက်မွေးဝမ်းကျောင်း ပညာလေး တစ်ခုရှိလို့ အိမ်ပေါ်က ဆင်းနိုင်မယ်ဆို ကျနော် ယူသွားလို့ ရနိုင်တာ (အောက်ဆုံး တစ်ခုက လွဲရင်) ဒါလေးတွေပဲ ရှိမှာပါ။ ကျနော်ဟာ မြန်မာပြည်က ထွက်ခွာ လာရတုန်းက ၈ တန်းဖြေပြီး ခါစမှာ ထွက်လာတဲ့အတွက် ကျနော့်ပညာရေးဟာ ဆယ်တန်းမအောင်တဲ့ လူနဲ့ ဘာမှ မခြားပါဘူး။ ကျနော့် ဒီ ၁၈နှစ်ပြည့် မွေးနေ့ကတော့ မကျေနပ်မှု တွေနဲ့ပဲ ဖုံးလွှမ်းနေပါတယ်။
ကျနော်နဲ့ တူတူ ကျောင်းတက်ခဲ့ကြတဲ့ TTC က သူငယ်ချင်းတွေ၊ သူတို့ ကြိုးစားနေကြတုန်း တစ်ဝက်မှာ ကျနော် ထွက်သွားတယ်။ အခု သူတို့ ဆေးတက္ကသိုလ်တွေ၊ ရေကြောင်းတွေ၊ တချို့က စင်ကာပူမှာ၊ အမေရိကမှာ၊ အားလုံး အဆင်ပြေနေကြပြီ။ ကျနော်ကတော့ ဘာမှ ဖြစ်မလာဘူး။ ကျနော်နဲ့ အတူ ကျောင်းတက်ခဲ့ကြတဲ့ နယ်စပ်က သူငယ်ချင်းတွေ၊ သူတို့ လုပ်နေကြတုန်း တစ်ဝက်မှာ ကျနော် ထွက်သွားရပြန်တယ်။ နောက် အခု သူတို့ General Education Development စာမေးပွဲကို ဖြေကြတော့မယ်။ သူတို့ အောင်သွားကြမယ်။ ကျနော်ကတော့ အခုထိကိုပဲ ဘာမှဖြစ်မလာဘူး။
ကျနော် လိုချင်တဲ့ အရာတွေလည်း ကျနော့်မှာ ဘာမှမရှိဘူး။ ဖြစ်ချင်တာထက် ဖြစ်သင့်တာပဲ အမြဲတမ်း ရွေးနေတဲ့ ကြားထဲကကို ကျနော့်မှာ ဘာမှ ဖြစ်မလာဘူး။ ကျနော် ကြိုက်တဲ့ family guy ကာတွန်းထဲက Stewie ဆိုတဲ့ ကလေးလေးကို သူ့အမေ Lewis က သူမကြိုက်တဲ့ broccoli ကို ခက်ရင်းနဲ့ ထိုးပြီး "လေယဉ်ပျံကြီး လာပြီ ပါးစပ်ဟပါဦး ဆိုပြီး" ချော့ကျွေးတာကို...
Damn you! Damn the broccoli! Damn the Right Brothers!
လို့ပြောတဲ့ ပုံစံအတိုင်း...
လို့ပဲ ပြောရပါတော့မယ်။ တကယ်တော့ ကျနော် ကိုယ်တိုင်ကိုက အချိန်မဟုတ် အခါမဟုတ်မှာ လောကထဲကို ၀င်လာခဲ့တာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။Damn the SPDC! Damn the Education systems! Damn my life!
ကျနော် Game programmer ဖြစ်ချင်တဲ့ စိတ်လေးကလည်း အခုနောက်ပိုင်း နည်းနည်းလေး လေ့လာ လိုက်တော့ ကျနော် သိပ် စိတ်ဓါတ်ကျသွားတယ်။ ဒီလောက် ရှုပ်ထွေးတာဆို ကျနော် ဖြစ်နိုင်မယ် မထင်ဘူး ဆိုပြီး Animation ပဲ လုပ်မယ်စဉ်းစားတော့ ကျနော့်မှာ အဲဒီတစ်ခုတည်းနဲ့ ဘ၀မှာ ရပ်တည်နိုင်မလား ဆိုတာ ကလည်း ရှိသေးတယ်။ အဲဒါမရရင် တခြား ဘာလုပ်မယ် ဆိုတာလည်း မစဉ်းစားထားတော့ အတိ ဒုက္ခ ရောက်နေတယ်လို့ ပြောရပါမယ်။ အခုနေ ဒီအတိုင်း ကောလိပ်ဝင်ခွင့် ပေးပြီဟေ့ ဆိုရင်တောင် ကျနော် ဘာတက်ရမယ် ကျနော် မသိပါဘူး။
ဘ၀ရဲ့ ရည်မှန်းချက်တွေ တန်းစီပြောရရင် အယုတ်စွအဆုံး ဂိမ်းကောင်းကောင်း ကစားလို့ ရတဲ့ ကွန်ပျူတာ ကောင်းကောင်းလေး ကိုင်ဖို့၊ ဂစ်တာလေး တစ်လက် ရှိဖို့ လိုမျိုးတောင် မပြည့်မီသေးတာ ကျန်တဲ့ဟာတွေ ထပ်မပြောတော့ပါဘူး။ လောလောဆယ် ၁၈နှစ် ပြည့်ပြီ၊ အောက်မှာလည်း ညီနဲ့ ညီမ ရှိသေးတယ် ဆိုတော့ သေချာတာကတော့ ကျနော့်အနေနဲ့ နောက်ထပ် ၂ နှစ်အတွင်းမှာ အိမ်က ထွက်ပြီး ကိုယ့်ဟာကိုယ် ရပ်တည်နိုင်မှ နည်းနည်းလေး မျက်နှာပန်း လှဖို့ ရှိပါတယ်။
ကျနော့် မိသားစုနဲ့ ကျနော်နဲ့ကလည်း နည်းနည်း ဝေးဝေးလေး နေမှ အဆင်ပြေမယ် ထင်မိတယ်။ ကျနော် သတိထားမိ သလောက် အမေနဲ့ ကျနော် အဆင်အပြေဆုံး၊ ကာလတွေဟာ ကျနော် မိသားစုနဲ့ ခွဲပြီး နယ်စပ်မှာ ကျောင်းသွားတက်နေတုန်း ကာလလို့ ဆိုရမယ် ထင်မိတယ်။ အမေ တခါတလေ လာလည်တာပဲ ဖြစ်ဖြစ်၊ အွန်လိုင်းပေါ် တွေ့ရင်ပဲ ဖြစ်ဖြစ်၊ စကားပြောရင် ချောနေတာပဲ။ သားအမိ နှစ်ယောက် ချစ်ချစ်ခင်ခင်ပေါ့။ အိမ်မှာ ဆိုရင်တော့ ကျနော့်လို ဘာမှလည်း မပြော ဘာမှလည်း မလုပ်တဲ့ အကျင့်နဲ့ အမေလည်း စိတ်ဖိစီးတာနဲ့ အော်သံတွေ ထွက်ထွက်လာ တတ်ပါတယ်။ ကျနော်လည်း အဲလို အအော်ခံရတာ မပျော်ပိုက်တာ အမှန်ပါ။ နီးနီးနေတယ်ဆို ကျနော့် ပုံစံကို သူတို့ သည်းမခံနိုင်ကြဘူး ထင်မိပါတယ်။ အမေတို့က လုပ်ဖို့ လိုအပ်တယ်လို့ ထင်တဲ့အရာတွေကို ကျနော်က မလိုအပ်ပါဘူး လို့ ထင်တာမျိုး အဲလိုမျိုးတော့ ရှိတာပေါ့။
ကျနော် တကိုယ်ကောင်း ဆန်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော် တကိုယ်ကောင်း ဆန်တာဟာ သူများဟာတွေကို ကိုယ့်အတွက် ဆိုပြီး လုယူတာမျိုး မဟုတ်ပဲ ကိုယ့်ဟာကိုယ် အနားမှာ ရှိတဲ့ ပြဿနာတွေကို မေ့ပျောက်ပြီး ကိုယ့်ဟာကိုယ် ဖာသိဖာသာ နေတတ်တာမျိုး ဖြစ်ပါလိမ့်မယ်လို့ ကိုယ့်ဟာကိုယ် ထင်ပါတယ်။
ကျနော် လုပ်ဖို့မလိုအပ်ဘူးလို့ ထင်တဲ့အရာကို ခိုင်းပြီး ကိုယ့်အသိစိတ်နဲ့ ကိုယ် လုပ်ရမှာကို ရှာလုပ်လို့ ပြောတော့ ရေမကူးတတ်ပါဘူး ဆိုမှ ဘာတွေ ဘယ်လို ကူးရမယ် မပြပဲ ရေကူးကန်ထဲ ကန်ချတာနဲ့ အလားသဏ္ဍန်တူတယ်။ ကျနော်က ဘယ့်နှယ့် သိမှာတုန်း။ မလိုအပ်ဘူး ထင်လို့ မလုပ်ပဲ နေမိရင် အဲဒီမှာက ပြဿနာ စပြီ။ အဲဒီတော့ ရေနစ်အသေခံနေရုံက လွဲလို့ ကျနော့်အနေနဲ့ ဘာမှ မတတ်နိုင်ပါဘူး။ ကိုယ်လည်း အလုပ်လေး ဘာလေး ရပြီး မိသားစုကို အနည်းငယ် ထောက်ပံ့နိုင်ရင်တော့ နည်းနည်း အေးအေးဆေးဆေး နေနိုင်မလား မျှော်လင့်မိ ပါတယ်။ ကျနော့် အမှားတွေလည်း ရှိပါတယ်လေ...
အသေးစိတ် မရေးတော့ပါဘူး။ ကျနော့်အမြင်ကို ထုံးစံအတိုင်း ဘယ်သူမှ နားမလည်ပေးကြမဲ့ အတူတူ ကျနော် အဲဒီပိုစ့်တွေ ထပ်မရေးဖြစ်တော့တာ ကြာပါပြီ။ အမေပဲ မှန်ပြီး ကျနော်ပဲ မှားမှာပါပဲ။ အမေက အမေကိုး။
အဲဒီ ကိုယ့်ဟာကိုယ် ရပ်တည်ရတော့မဲ့ အချိန် မတိုင်ခင် အသက်မွေးဝမ်းကျောင်း ပညာ တစ်ခု ရအောင် ဘယ့်နှယ့် လုပ်နိုင်မယ် ဆိုတာကိုတော့ ကျနော် မစဉ်းစား တတ်တော့ပါဘူးဗျာ... ကျနော့် အနေနဲ့ကလည်း အိမ်က ခွဲပြီး ကိုယ့်ဟာကိုယ် ရပ်တည်တယ် ဆိုမှတော့ မိဘဆီက အကူအညီ မျှော်လင့် နေရင် ဘာများ ထူးတော့မှာလဲလို့ ထင်မိတယ်။
စိတ်ကူးယဉ်တတ်တဲ့ လူတစ်ယောက် အနေနဲ့ ကိုယ် ဖြစ်ချင်ခဲ့တဲ့ အရာတွေဟာ တစ်ခုမှ ဖြစ်မလာနိုင်တော့ သလို အိပ်မက်တွေ ပြိုပြို ကျလာခဲ့တာဟာ အင်မတန်မှကို ခံစားရခက်ပါတယ်။ ကျနော် အခု တွေးတဲ့ဟာတွေလည်း နောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲလို ဖြစ်မလာမဲ့ အတွက်လည်း ကျနော့်ဘ၀ကို ကျနော် မအံ့သြတော့ပါဘူး။ ကျနော့်ဘ၀မှာ ဘာဖြစ်မယ်ဆိုတာ ကျနော်ဘယ်တုန်းကမှ ရိပ်ရိပ်လေးတောင် ကြိုတင် မခန့်မှန်းနိုင်ခဲ့ဘူး။ ရှေ့ရေးကို တွေးတွေးနေရရင် ကျနော် အသက် ၁၈နှစ်ပြည့် မွေးနေ့မှာ စိတ်ဓါတ်ကျပြီး ကိုယ့်ဟာကိုယ် သတ်သေမိလိမ့်မယ်။ ကျနော် သတ်မသေမိအောင် ဂိမ်းတွေက ကျနော့် သက်တမ်းကို ဆွဲဆန့်ထားပေးကြတယ်။ အခု ဒီပိုစ့်ကို ဒီမှာပဲ အဆုံးသတ်တာပေါ့။
စာဖတ်သူအတွက် ကတော့ အခုလို ကျနော် ပြောချင်ရာတွေ ပြောခွင့်ပေးပြီး ပြောထားတာတွေ ဆုံးအောင် ဖတ်ပေးတာဟာ ကျနော့် အတွက် အကောင်းဆုံး မွေးနေ့လက်ဆောင်ပဲလို့ ထင်မိပါတယ်။

8 comments:
အဆုံးထိဖတ်သွားတယ်ဆိုတော့ မွေးနေ့လက်ဆောင် ပေးပြီးသားလို့ ဖြစ်သွားတယ်။
း)
- အဆင်ပြေတာတွေ ဖြစ်အောင် ကြိုးစားရင် အဆင်တွေ ပြေပါစေလို့ - ဆုတောင်းပေးပါတယ်။
Happy Birthday!
Hay man,
be cool man...
most of people r just like that..
aren't they ?!
၁၈ ဆိုတာ ဘ၀မှာ လုပ်ချင်တာ လုပ်နိုင်ဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ နောက် ၅ နှစ်လောက်ကြရင် အကြောင်းကြောင်းကြောင့် ကိုယ့်ကို ကျော်တက်သွားတဲ့သူတွေရဲ့ ရှေ့ကို ထူးမြတ် ရောက်နေမယ်လို့ ယုံကြည်ပါတယ်။
Happy Birthday Bro :)
ငါ့တူကြီးရေ မနှစ်ကမွေးနေ့မှာ မိုကထ စားကြတာ သတိရတယ်။ ပျော်ရွှင်ပါစေ။ အစက အဆုံးထိ ဖတ်သွားတယ် ..။
Happy Birthday Htoo Myat !!!
There are lots of people like u!
Don't need to give up
Just keep going
Anyway I like these post
Cause I can feel the words too.
ထူးမြတ်နဲ့ ကျွန်တော်နဲ့က သိပ်မကွာတဲ့ အဖြစ်အပျက်တွေပဲ
ကျွန်တော်လဲ အဲ့လိုပဲ အိမ်မှာ မိဘနဲ့နေတုန်းက
ဘာလုပ်လုပ် အမြင်မကြည်ဘူးဆိုအါတော့
သူတို့စိတ်တိုင်းကျနေရအောင်
သူတို့မှ မဟုတ်ပဲ ကျွန်တော်ကိုး
ဘယ်တူမလဲလေ ကျွန်တော်လဲ ၂၄ ရှိပြီ အခုထိ အလုပ်ရှာလို့မရသေးဘူးး) ညီ အချိန်တွေ အများကြီးကျန်ပါသေးတယ် အေးဆေးပေါ့
ဟေ့ယောင်
အန်နီမေးရှင်းကို လုပ်ပါကွ။ ငါဇာတ်လမ်း ရေးပေးမယ်။
သိပ်စိတ်ဓာတ်မကျနဲ့ ကိုယ့်လူ။
ကျုပ် လူလောကကို ဆယ်စုနှစ် သုံးခု ဖြတ်ခဲ့ပြီ။
တစ်ခါမှ ကိုယ့်မွေးနေ့ကိုယ် အမှတ်မရဘူး။
ငါ အသက် ၁၈ နှစ်မှာ ခြေထောက်တိုနေတဲ့ ဂျင်းဘောင်းဘီတစ်ထည်ထဲ ရှိတယ်။
ရန်ကုန်မြို့ကို တစ်ယောက်ထဲ မသွားတတ်သေးဘူး...ကဲ။
နူးယောခ့် (ယန်ကီးလေဖြင့် ဖတ်) ကနေ စိတ်ဓာတ်ကျစရာကို မပြောပါနဲ့ မောင်ရင်ရာ။
ကိုထူးမြတ်ကြီးရေ.... (၁၈ နှစ်ပြည့် လူကြီးဖြစ်လို့ “ကြီး“ ထည့်ခေါ်ပါတယ်။ ဒီနိုင်ငံမှာတော့ ၂၁ နှစ်ပြည့်မှ အရက်ဝယ်ခွင့် ဆေးလိပ်ဝယ်ခွင့်ရပါတယ်။)
စိတ်ဓာတ်မကျပါနဲ့ကျောင်းလည်းအနှေးနဲ့အမြန်တက်ရမှာပါ။
ဒီလိုပဲ မိဘနဲ့သားသမီးဖြစ်နေကြသဘော သဘာဝလေးပါပဲ။အန်တီကိုယ်တိုင်လည်း ကိုထူးမြတ်ကြီးလိုပဲ.. အိမ်မှာထောင့်မကျိုးပဲ ဟိုနားထိုင်မလွတ် ဒီနားထိုင်မလွတ်အော်ခံရဖူးတဲ့ အချိန်တွေတုန်းက ဒီအသက်အရွယ်လောက်ပေါ့။ (ကိုထူးမြတ်တွေးသလို လုပ်ရမယ်မှန်းမသိလို့ သင်ပေးပါလားလို့တွေးဖူးတာပဲ။)
နောက်တော့ ကွန်ပျုတာသင်တန်းတက် သင်တန်းဆရာမလေးပြန်လုပ်တော့.. ဟော အမေရယ် မအော်တော့ဘူး.. လူရာလည်း သွင်းလာတယ်။ အိမ်ကိစ္စတွေက အစတိုင်တိုင်ပင်ပင် ဖြစ်လာတယ်။ ခုချိန်ကာလမှာ လူကြီးတွေက ကလေးလိုစိုးရိမ်တာ၊ မယုံကြည်ရဲသေးတာပေါ့။
မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိတဲ့ တိုင်းပြည်ကို ခြေချမိနေပြီပဲ..အချိန်တခုစောင့်နေရလို့ပါ။ စိတ်ဓာတ်မကျနဲ့ .. အချိန်နဲ့အခြေအနေပေးလာရင် အားကုန်မောင်းနှင်ဖို့ လောင်စာအပြည့်အဝစုထားဖို့ အကြံပေးချင်တယ်..။
ဒီနိုင်ငံမှာ တချို့ကလေးတွေလည်း အိမ်ခွဲမနေကြပါဘူး.။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တယ်ဆိုပေမဲ့လည်း ကောလိပ်ဖိုးတော့ မိဘတွေက ပေးရတာရှိပါတယ်။ ဒါမျိုးဖြစ်နေတာ ကိုယ်တယောက်ထဲ မဟုတ်ပါဘူး.. အားငယ်စရာမလိုဘူး။
အတွေးအခေါ်ကောင်းတွေရှိနေတဲ့သူတွေအတွက် အချိန်နောက်ကျကျန်ခဲ့လည်း ခဏပေါ့.. အရှိန်ရလာရင်မောင်းနှင်အားအပြည့်နဲ့ အားလုံးကိုကျော်ဖြတ်နိုင်မှာ။
(မွေးနေ့လက်ဆောင် နောက်မှပဲလာပေးတော့မယ် .. မုန့်တော့ကျွေးရမယ်နော်း))
Post a Comment