Wednesday, February 18, 2009

HTML, CSS tutorials

အရင်တုန်းက ဒီကနေ့ Layout လို့ မြင်ရနိုင်တဲ့ ကျနော်တို့ ပို့စ်တင်တဲ့ စာမျက်နှာတွေမှာ Template ဆိုတာပဲ ရှိခဲ့ပါတယ်။ Page Elements နဲ့ Font and Colors ဆိုတာဟာ လုံးဝ မရှိခဲ့ပါဘူး။ ပြင်ချင် သပဆို ၀င်သာပြင်၊ ကုဒ်တွေပဲ တန်းစီနေတာကို တွေ့ပါလိမ့်မယ်။ အခု Edit html ဆိုတဲ့ အထဲမှာလိုပေါ့။

ဒီကနေ့ blogger မှာ လုပ်ပေးထားတာတွေဟာ အလွန် အဆင်ပြေသော်ငြားလည်း တချို့ နောက်ခံ Background ပုံ တင်ချင်တာ လိုမျိုးကတော့ ပုံလေးကို ရွေးပေးပြီး တင်လိုက်တာနဲ့ ကိုယ့်ဟာကိုယ် အော်တိုငုတ်တုတ် လုပ်ပေးနိုင်တဲ့ လင့်ခ်မျိုး ပေးထားခြင်း မရှိသေးပါဘူး။

အဲဒီအခါမှာ အလွယ်ကူဆုံး နည်းအနေနဲ့ ဂျီတော့ခ်လေးကို ဖွင့်၊ သိတဲ့ တတ်တဲ့လူ ရှာပြီး ဘယ်လို လုပ်ရမလဲဟင် လို့ မေးလိုက်ပြီး ရသွားပါတယ်။ ဒါပေမဲ့ ကိုယ်က အဲဒါနဲ့ သဘောမကျနိုင်ပဲ ဟိုဟာလေး ပြောင်းကြည့်ချင်တယ်၊ ဒီဟာလေး ပြောင်းကြည့်ချင်တယ်ဆို လုပ်ပေးတဲ့လူက အမျိုးသားဖြစ်ပြီး၊ ခိုင်းတဲ့လူက ကောင်မလေး ချောချောလေး ဖြစ်ရင်တော့ မငြီး မငြူ လုပ်ပေးပါလိမ့်မယ်။ မဟုတ်ရင်တော့ အားနာစရာ ဖြစ်နေပါလိမ့်မယ်။

အဲလို အားနာရမဲ့အစား ကိုယ့်ဟာကိုယ် တစ်ခါတည်း သင်ယူထားလိုက်ရအောင်... ဒါမှမဟုတ် လုပ်စရာလေး ရှိရင် အဲဒီဆိုက်လေး ဖွင့်ပြီး လိုချင်တာလေးရှာလိုက်၊ နောက် ပြန်ပိတ်ထားလိုက်နဲ့ လုပ်မယ်။

http://csshtmltutorial.com/

အထက်ပါ လင့်ခ်ဟာ CSS နဲ့ HTML ကို အခြေခံလေး နည်းနည်း လေ့လာနိုင်မဲ့ ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ တော်တော်လေးကို လွယ်ကူပါတယ်။ ကိုယ်သိချင်တဲ့ အကြောင်းအရာကို ထောက်ပြီး လေ့လာလို့ရပါတယ်။ Blogger အတွက် ဆိုရင်တော့ CSS ကို လေ့လာတာ အဆင်ပြေပါလိမ့်မယ်။

0 comments: