Friday, February 27, 2009

ရွေးကောက်ပွဲ မတိုင်မီ

ဒီပိုစ့်ဟာ အင်မတန် မျက်ခုံးလှုပ်စရာကောင်းတဲ့ ပိုစ့်တစ်ခု ဖြစ်ပါတယ်။ ကျနော်လည်း ပါးစပ် မပိတ်နိုင်လို့၊ မြန်မာ လူငယ် တစ်ယောက်အနေနဲ့၊ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်သူ တစ်ဦး အနေနဲ့ အမြင်လေး မကြောက်မလန့် ထုတ်ပြောတတ်တဲ့ အလေ့အကျင့် လုပ်ရမှာမို့သာ အထိတ်တလန့်နဲ့ တင်ရတာ အင်မတန် သတိထားရပါတယ်။ ဒီပိုစ့်ကို အကြိမ်ပေါင်း များစွာ ပြန်ဖတ်ပြီး တည်းဖြတ် ထားပါတယ်။ ကျနော့် အမြင်တွေသာ ဖြစ်ပါတယ်။ ကျေးဇူးပြု၍ အပြော လွန်တာရော၊ အလွန် ပြောတာရော ရှိရင် ခွင့်လွှတ်ကြစေချင်ပါတယ်။

ပိုစ့်တင်ပြီးမှ ရန်သူ အကျိုးရှိစေနိုင်သည့် စာသားများဟု ထောက်ပြလာမှုကြောင့် မှန်ကန်သဖြင့် အချို့ စာသားများကို တည်းဖြတ်ထားသည်။

၂၀၁၀ မှာရွေးကောက်ပွဲ ဆိုတော့ ဝေးပါသေးတယ်လို့ စိတ်ထဲ ထင်နေတာ အခုတောင်မှ ၂၀၀၉ ရဲ့ ဖေဖော်ဝါရီ ကုန်တော့မှာပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သိပ်လည်း မျှော်လင့်မထားပါဘူး။
သူတို့မှာ လက်နက်တွေ ရှိနေမှတော့ သူတို့ ပေးချင်သလောက်လေးပဲ ယူရမဲ့ ဘ၀ မို့လို့ပါ။ မပေးဘူး ဆိုရင်လည်း ဘာမှ မတတ်နိုင်တဲ့ ဘ၀တွေပါပဲ။ ကျနော်တို့ မြန်မာပြည်သူတွေမှာက ထားရာနေ၊ စေရာသွား ဘ၀ကနေ ထွက်မပြေးနိုင်ရင်တော့ ပေးတာယူ၊ ကျွေးတာ စား၊ ဘာမှပြန်မပြောပဲ နေရမှာပါပဲ။

အခု ရွေးကောက်ပွဲကို ကျနော်တို့ မျှော်လင့်ချက် မရှိသလို ဖြစ်နေတာဟာ အဓိကအားဖြင့် ဆန်းစစ်ကြည့်ရင် ကျနော်တို့ ဖက်ကနေ ခြိမ်းခြောက်မှု မရှိလို့သာ ဖြစ်တယ်လို့ ဆိုရပါမယ်။ ရွေးကောက်ပွဲ လုပ်ပေးပါ။ ကောင်းကောင်း မလုပ်ပဲ လိမ်ရင်တော့ မင်းနဲ့ငါ ချမယ်လို့ ချိမ်းခြောက်နိုင်ရင် ဟိုကလည်း မုန်လာဥ လုပ်ရဲမယ်လို့ မထင်မိပါဘူး။

ချိမ်းခြောက်ဖို့ ဘာနဲ့ ခြောက်မယ် ဆိုတာကို စဉ်းစားပြန်တော့လည်း... နယ်စပ်မှာ လက်နက်ကိုင် ကျောင်းသား တပ်မတော်နဲ့ ကေအန်ယူတော့ နီးနီးနားနား ရှိပါတယ်။ ကျနော်ဟာ ကျောင်းသား တပ်မတော်ကို အရမ်းကို လေးစားအားကျတဲ့ လူငယ် တစ်ဦးပါ။ ဒါပေမဲ့ ရွေဝါရောင် တော်လှန်ရေး တုန်းက ပြည်သူတွေ အားကိုးတကြီး မျှော်လင့်ခဲ့ပေမဲ့ ပေါ်မလာခဲ့ကတည်းက... "ဤနေရာမှ စ၍ တည်းဖြတ် ထားသည်။"

အဲဒီတုန်းက ကျနော်တို့ မျှော်လင့်ခဲ့ကြတာ ဘယ်လောက်မှ မဟုတ်ပါဘူး။ ဘယ်နားမှာ ဖြစ်ဖြစ် ဗုံးလေး တစ်လုံးခွဲ၊ နောက် ရေဒီယို တစ်ခုခုမှာ တက်ပြီး... "ခများတို့ ဦးဇင်းတွေကို ထပ်ပစ်သတ်မယ်ဆို နောက်ဗုံးတစ်လုံးဟာ ခများတို့ ဗိုလ်တွေ နေတဲ့ အိမ်တွေနားမှာ ပေါက်စေရမယ်။ ထိရဲ ထိကြည့်... ကျောင်းသားတပ်နဲ့ တွေ့မယ်..." လို့များ လုပ်ခဲ့ရင် အတွင်းက ပြည်သူတွေမှာ ဘယ်လောက်များ အားတက် လိုက်မလဲဗျာ... ဟိုကလည်း တောထဲမှာ တိုက်လို့ xxxxxxxxx ဗုံးကတော့ တကယ်ဖောက်မဲ့ပုံပဲ ဆို နည်းနည်းပါးပါးတော့ အရှိန် တန့်မသွားနိုင်ပေဘူးလား။ လက်နက်ကိုင် အဖွဲ့အစည်း လုပ်နေပြီး အကြမ်းဖက် သမား အခေါ်မခံချင်ဘူး ဆိုရင်တော့ ကျနော်လည်း မပြောတတ်တော့ဘူး။

ကေအန်ယူ အတွက် ဆိုရင်လည်း သူတို့က ကာကွယ်ထားတယ်။ ကေအန်ယူ မရှိရင် အားလုံး ကုန်ပြီ ဆိုတဲ့ ဒုက္ခသည် စခန်းတွေကိုလည်း တကယ်တမ်းသာ တပ်မတော် အစိုးရက ပြဿနာ ရှာရင် ကုလသမဂ္ဂ အနေနဲ့လည်း ပိုပြီး ၀င်ရှင်းလို့ ကောင်းတာပေါ့။ လွှတ်ထားပေးလိုက်ပါတော့။ ကြာရင် တောက ကြမ်းတာနဲ့ ဒေါင်းအိုးဝေထဲမှာ မြင်ဖူးတဲ့ ကာတွန်းလေး တစ်ခုထဲမှာ ပြောသလို... "ဤနေရာမှ စ၍ တည်းဖြတ် ထားသည်။"

ဒီအကြောင်း ဒီတင် ရပ်ပြီး စိတ်ဓါတ်ကျစရာတွေ ဆက်မပြောပဲ ကျနော့် အမြင်လေး ပြောရမယ် ဆိုရင်...

ဒီ ၂၀၁၀ ရွေးကောက်ပွဲအတွက် ခြိမ်းခြောက်မှုတွေကို ဖန်တီးပေးနိုင်မဲ့ အဖွဲ့အစည်းတော့ လိုကို လိုအပ်လာ နေပါပြီ။ အခု ပြည်တွင်းမှာ ငွေတစ်သိန်း ပေးပြီး ခေါင်းဖြတ်ခိုင်းမယ်ဆို ဖြတ်မယ့် ပြည်သူတွေ တန်းစီ နေလောက်အောင် စီးပွားပျက်ကပ်မှာ လည်ပင်းနစ်နေကြပါပြီ။ အဲဒီ အဖွဲ့အစည်းဟာ ပြင်ပက ငွေကြေး ထောက်ပံ့မှုနဲ့ အတွင်းက မုန်းတီးနေတဲ့ ပြည်သူတွေကို ပူးပေါင်းပြီး အစိုးရကို ခြိမ်းခြောက်နိုင်တဲ့ လုပ်ရပ်တွေကို လုပ်ကိုင်နိုင်မဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်လာဖို့ လိုအပ်ပါတယ်။

အဲဒီအဖွဲ့အစည်းမှာ ကိုယ့်ဟာကိုယ် ဂုဏ်တွေ စွတ်ယူပြီး ငါ ဒီအဖွဲ့ကကွလို့ လျှောက်လျှောက်ပြောတတ်တဲ့ လူတွေ မပါလေ ပိုကောင်းလေပါပဲ။ (ကျနော့်လို ကောင်မျိုး မထည့်မိအောင် ရှောင်ပေါ့) အခြေခံ ဖွဲ့စည်းပုံမျိုးကို ကွန်မြူနစ် မြေအောက် ကလပ်စည်း ဖွဲ့စည်းပုံတွေလို ကိုယ့်အပေါ်ကလူ တစ်ယောက်ကလွဲလို့ တခြား ဘယ်သူတွေ ပါတယ်ဆိုတာကို ဘယ်လိုမှ မသိနိုင်တဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်သင့်ပါတယ်။ မလိုအပ်ရင် မီဒီယာနဲ့ မဆက်ဆံတာမျိုး ဖြစ်သင့်ပါတယ်။ ရွေးကောက်ပွဲ ၀င်ဖို့ မဟုတ်တဲ့အတွက် သိပ် မျက်နှာပြဖို့ မလိုဘူးလို့ ယူဆပါတယ်။ မျက်နှာမပြလေ အေးချမ်းလေလေပါပဲ။

ကျနော် အဲဒါမျိုး မလုပ်နိုင်တဲ့အတွက် အကြံပေးဖို့သာ တတ်နိုင်ပါတယ်။ လုပ်ငန်းစဉ်တွေကို နည်းနည်း အသေးစိတ် ထပ်ချဲ့ရမယ် ဆိုရင်တော့ဖြင့်...

ရှင်းရှင်းနဲ့ လွယ်လွယ်ပြောရမယ်ဆို... အပင်ပမ်းခံပြီးတော့ ဗုံးတွေ ဘာတွေ ခိုးသွင်းမနေပါနဲ့... သူ့ရပ်ကွက်ထဲက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို မုန်းတဲ့ လူကို အဲဒီရုံးကို မီးတင်ရှို့ဖို့ ပိုက်ဆံပေးပြီး ခိုင်းပါ။ မီးရှို့တာကတော့ ဘာမှ အထူး လက်နက်တွေ ဘာတွေ မလိုပါဘူး။ ဟိုက မုန်းတဲ့ ဟာကိုလည်း မီးတင်ရှို့ရမယ် ပိုက်ဆံကလည်း ရဦးမယ် ဆိုတော့ ဒီလိုကိစ္စမျိုးဟာ အောင်မြင်ဖို့ များပါတယ်။

နောက်ဆက်တွဲ လုပ်ရမဲ့ ကိစ္စကတော့ (အစွန်းရောက် အကြမ်းဖက် သမားဆန်ပေမဲ့ လိုအပ်မယ်) မျက်နှာဖုံးတွေ ဘာတွေ စွပ်ပြီး ဗီဒီယိုရိုက်... "ခများတို့ ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် လုပ်ပါ။ မလုပ်ရင်တော့ ခများတို့ အိမ်တွေ အားလုံးကို မီးလောင်တိုက် သွင်းပစ်မယ်။ ခများတို့ အိမ် လာရှို့လို့ မရရင်တောင် ခများတို့ အောက်က ဗိုလ်တွေရဲ့ အိမ်တွေကို မီးရှို့မယ်။" စတာမျိုးတွေနဲ့ ခြိမ်းခြောက် သင့်တယ်။ နောက် အင်တာနက်ပေါ် လူမြင်နိုင်တဲ့ နေရာတွေမှာ တင်ပေါ့။

ဒါဟာ မြန်မာပြည်ကို မြန်မြန် သတိထားမိလာ စေနိုင်တဲ့ နည်းတစ်နည်းလည်း ဖြစ်နိုင်သလို တပ်မတော် အစိုးရအတွက်လည်း တော်တော်လေး ချီတုန်ချတုန် ဖြစ်လာစေမဲ့ နည်းလမ်းပါပဲ။ နောက် အကြမ်းဖက် နည်းကို သုံးတဲ့အတွက် တစ်ခုခု ထူးထူးခြားခြား ဖြစ်လိုက်ရင် ကျုပ်တို့ လုပ်တာပါ၊ ကျုပ်တို့လူပါ ဆိုပြီး ထထအော်တတ်တဲ့ အဖွဲ့အစည်းအချို့လည်း (သူတို့က အကြမ်းမဖက်လို့ အော်ထားတဲ့အတွက်) နာမည် ၀င်မခံ (အမြတ်မထုတ်)ရဲပဲ တိတ်တိတ် နေကြပါလိမ့်မယ်။

နောက် ပြည်သူအများ သွားလာတဲ့ နေရာမှာ စာတွေ ဖြန့်တာမျိုး လုပ်လို့ရပါတယ်။ အဲဒါမျိုးကတော့ အတော်များများ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကွဲပြား ခြားနားသင့်တာကတော့ လူ နားမလည်ပဲ နိုင်ငံရေးသမား လူတန်းစားကပဲ နားလည်နိုင်တဲ့ ခမ်းနားထည်ဝါတဲ့ စာတွေနဲ့ မရေးပဲ မြန်မာပြည် လူတန်းစားတိုင်းက နားလည် နိုင်လောက်အောင် ရှင်းလင်းတဲ့ စာတွေကို ဖြန့်တာမျိုး လုပ်သင့်ပါတယ်။ လူ့အခွင့်အရေးတွေ ဘာတွေ ပြောမနေပဲ အဲဒီထဲက စစ်တပ် လက်အောက်မှာတော့ မရနိုင်တာ သေချာပြီး ပြည်သူအတွက် ချက်ချင်းလက်ငင်း အကျိုးရှိစေနိုင်မဲ့ အချက် တစ်ချက် လောက်ကိုပဲ ဆွဲထုတ်ပြီး ရှင်းရှင်းလေး ပြောရပါမယ်။

မြန်မာပြည်ရဲ့ ပညာရေး အဆင့်အတန်းဟာ နိမ့်ကျသထက် နိမ့်ကျလာပါတယ်။ အပြင်က ပညာ ကောင်းကောင်း သင်ယူနိုင်ပြီး အမြင်ကျယ်တဲ့ နိုင်ငံရေးသမားတွေ ခန့်ခန့်ကြီး ရေးတာကို ပြည်တွင်း အခြေခံ လူတန်းစားက နားမလည်နိုင် တော့ပါဘူး။ အဲဒီတော့... အခုလိုလေးသာ ဘိုလိုလေး ညှပ်ညှပ်ပြီး တရားဟောကြရင် "ဟာ... ဘာတွေ လာပြောနေတာလဲ... ဂြိုဟ်သားလား... ဘယ်က လာတာလဲ... ဘာမှ နားမလည်ဘူး... သွား..." ဆိုတာမျိုး ဖြစ်လာတော့မှာပါပဲ။

ကျနော် ပြောချင်တဲ့ဟာတွေကို ခပ်ရွှင်ရွှင်တွေ၊ သရော်တာတွေ မပါတော့ပဲ ကြိုးစား အကျဉ်းချုပ်ရရင်တော့...

  • နည်းနည်းလေး အကြမ်းဖက်ဖို့ လိုအပ်တယ်။
  • မီဒီယာ အသုံးပြုပြီး လူသိရှင်ကြား ခြိမ်းခြောက်မယ်။
  • လူတန်းစားတိုင်း နားလည်လွယ်မဲ့ အခြေခံ မြန်မာစကားနဲ့ စည်းရုံးမယ်။
  • အခွင့်အရေးတွေ တန်းစီ ပြောပြမနေပဲ တိုက်ရိုက် အကျိုးရှိစေမဲ့ အချက်တွေသာ ရှင်းရှင်းလေးပြောမယ်။
  • အဲဒါတွေကို လုပ်ကိုင်နိုင်ဖို့ လျှို့ဝှက် သိုသိပ် ကျစ်လစ်တဲ့ အဖွဲ့အစည်းတစ်ခု လိုအပ်တယ်။

ကျနော်ကတော့ လောလောဆယ်တော့ ငယ်သေးတော့ ပညာလေး ဘာလေး သင်၊ လုပ်စရာ ရှိတာလေး လုပ်ပြီး လေပေါရင်းနဲ့ပဲ သူများလုပ်ရပ်တွေ ထိုင်ကြည့်လိုက်ပါဦးမယ်။ စစ်တပ်ပြုတ်ကျပြီး အရိုးပုံပေါ် ခေါင်းပေါင်းစ ထောင်ချင်တဲ့ နိုင်ငံရေးသမားတွေ တက်လာခဲ့တာမျိုး ရှိမှ ၀င်ပါပါတော့မယ်။

4 comments:

ယောနသံစင်ရော် said...

နအဖ က ငွေဆိုတာ လူတိုင်းသည်းချေကြိုက်ဆိုတဲ့ အချက်ကို ရှာတွေ့ခဲ့လို့ ဒုစရိုက်သမားတွေ၊ ကြံ့ဖွတ်တွေကို ငွေပေးပြီးရိုက်ခိုင်းခဲ့တာပဲ...။

ကိုထူးမြတ်ရေးထားတဲ့အချက် နံပါတ် ၁ က စဉ်းစားနေစရာမလိုပဲ လုပ်ကိုလုပ်သင့်တဲ့အချက်တခုပါ။

ဘယ်လိုလုပ်မလဲ၊ ဘယ်သူလုပ်မလဲဆိုတာတွေသာ စဉ်းစားစီစဉ်သူတွေရှိလာခဲ့ရင်သိပ်ကောင်းမှာပဲ....။

ခင်မင်းဇော် said...

လုပ်မယ်ဆိုပြီး ငွေယူပြီး ဘာမှမလုပ်ခဲ့တဲ့လူတွေ ရှိပါသေးတယ် ထူးမြတ်ရယ်။ သူကလဲ မိရင် ထောင်ဒဏ်က များတာကိုးဟ။ တကယ်ဝင်လုပ်တဲ့ လူတွေလဲ ရှိနေတာပါပဲ။ ဒါ့ကြောင့်လဲ ဗုံးတွေ ပေါက်ကွဲနေတာပေါ့ ။ ကြံ့ဖွတ်ရုံးတွေ ဘာညာတွေလေ။ ဒါပေမယ့် အဲဒီလို လုပ်ဖို့ လူက တကယ်လိုနေတာ။ လက်တဖက်စာလောက်နဲ့တော့ မဖြစ်ဘူးလေ။ နောက် ထူးမြတ်ပြောသလို ရပ်ကွက်ထဲက မုန်းတယ်ဆိုတဲံ့ လူတွေကလဲ တကယ် လုပ်ပါလို့ ဆက်သွယ်ပြန်တော့ ထောက်လှမ်းရေးကများလားဆိုပြီးနောက်ဆုတ်သေးသဟ။ ဒါပေမယ့်လဲ လုပ်ရမှာက လုပ်ရမှာပဲ ဆိုတာ ထောက်ခံပါတယ်။

neo said...

စစ်တပ်ထဲမှာလည်း ပြည်သူ့အကျိုး လိုလားတဲ့ စစ်ဗိုလ် တွေအများကြီးရှိပါသေးတယ်
အထက်ကဖိအားပေးလို့ မလုပ်ချင်ပဲလုပ်နေကြရတာပါ
ဗုံးဖောက်တယ်ဆိုတာ ကောင်းတဲ့အလုပ်မဟုတ်ပါဘူး
စစ်ဗိုလ်တွေမှာလဲမိသားစုတွေရှိပါသေးတယ်။ သူတို့မိသားစုတွေကလဲ ပြည်သူထဲကပြည်သူပါပဲ
ဟုတ်တယ်ဟုတ်?
လုပ်ချင်ရင် အဓိက main ကိုပဲကိုင်ရင်ပိုကောင်းပါမယ်
ဥပမာ စစ်ပွဲမှာစစ်သူကြီး ကျဆုံးရင် စစ်ရှုံးသလိုမျိုးပေါ့။ :)

Htoo Myat said...

ကျနော်တို့ လူတွေကို ဆက်သွယ်ဖို့ ကိစ္စလောက် အထိကတော့ အဲဒီ အဖွဲ့အစည်းက လူတွေ စုံစမ်းပြီး သူတို့ဟာ သူတို့ လုပ်ကြပါလိမ့်မယ်။ ကျနော်လည်း အဲလောက်ကြီးတော့ အသေးစိတ် မပြောတတ်ဘူး။

အန်တီ ခင်မင်းဇော် ပြောတာက ပိုမှန်ပါမယ်။ ဒါပေမဲ့ ခိုင်းခံရတဲ့လူနဲ့ ခိုင်းတဲ့လူ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူဆိုတာ မသိအောင် ခိုင်းလို့ရနိုင်တဲ့နည်း မရှိဘူးလားလို့ စဉ်းစားမိတယ်။

Neo ပြောတာကလည်း စဉ်းစားစရာပါ။ ဒါပေမဲ့ သူတို့ကလည်း အလံကိုင်တဲ့လူ တစ်ယောက်တည်း ကိုပဲ ရွေးပစ်ဟလို့ အမိန့်ပေးလား၊ ပစ် လို့ပဲ အမိန့်ပေးလား ဆိုတာကိုလည်း ပြန်ကြည့်ရပါမယ်။ နိုင်ငံရေးသမားတွေ ထွက်ပြေးလို့ မိသားစု ၀င်တွေကို ထိမ်းချုပ်ထားတာတွေလည်း အများကြီးပါပဲ။

ဗုံးဖောက်တာ ကောင်းတဲ့အလုပ် မဟုတ်သလို ပြည်သူကို ပစ်သတ်တာကကော ကောင်းတဲ့ အလုပ် မို့လို့လားခမျ။ ဖဲလိမ် ရိုက်တဲ့လူကို ပုံမှန်အတိုင်း ရိုက်နေလို့ကတော့ ပါသမျှ ကုန်မှာပဲ အဖတ်တင်ပါတယ်။