
ကျနော် အခုလို ပြည်တွင်းမှာ ပစ်တာ ခတ်တာတွေ ဖြစ်နေတဲ့ အချိန်မှာ တစ်ခုပဲ အရမ်းခံစားရတယ်။ အဲဒါဟာ ဘာလဲ ဆိုတော့ ပြည်သူတွေဟာ ဘာမှကို ပြန်မလုပ်နိုင်ပဲ ပစ်ခံနေကြရတာကိုပါပဲ။ ကျနော်တို့ ဖက်က တစ်ယောက်ပြီး တစ်ယောက် ကျသွားကြတယ်။ ဒါပေမဲ့ ဟိုဖက်က တစ်ယောက်မှာ မကျဘူး။ ကျနော်တို့ ဖက်က ပြေးလွှားကြတယ်၊ သေကျေကြတယ်၊ ဟိုဖက်က အေးဆေးပဲ။
ကျနော်တို့ အဲဒီလို Non-violence နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြကြရင် နိုင်ငံတကာက လက်ခုပ်တီးကြတယ် ဆိုတာ မှန်တယ်။ တကယ်လဲ လက်ခုပ်တီးကြတယ်။ ကျနော်တို့ ဖက်ကရဲဘော် ကျရင် သူတို့လည်း ၀မ်းနည်းကြတယ်။ ဒါပေမဲ့ action ယူသလား ဆိုတော့ အခုထိ ဘာမှ မလုပ်ကြသေးပါဘူး။ အဲဒီတော့ ကျနော်တို့ ဖက်က ဘာလုပ်သင့်သလဲ။ အခုအတိုင်းပဲ ဆက်ပြီး အသေခံနေကြမှာလား...
လွတ်မြောက်ရေး အတွက် တိုက်ခိုက်ခဲ့ကြရတဲ့ မြန်မာ့သမိုင်းမှာ ကျနော်တို့ လက်နက်နဲ့ ကင်းခဲ့တာ ဘယ်နှစ်ခါ ရှိခဲ့ပါသလဲ။ လက်နက် မပါဘဲ အောင်မြင်ခဲ့တာမျိုး ဘယ်နှစ်ပွဲ ရှိခဲ့ပါသလဲ။ ကျနော်တို့ သမိုင်းမှာ အင်္ဂလိပ်ကို တိုက်တယ်၊ ကျနော်တို့ လက်နက်နဲ့ ထုတ်လိုက်နိုင်တယ်။ နောက်ကျ ဂျပန်ကို တိုက်ထုတ်တယ်။ ကျနော်တို့ လက်နက်နဲ့ပဲ တိုက်ထုတ်ရတာပဲ။ နောက်ကျ အင်္ဂလိပ်က သိပ်မစမ်းရဲတော့ဘဲ လွတ်လပ်ရေး ပေးလိုက်ရတယ်။ နောက် စစ်တပ်က လက်နက်နဲ့ အာဏာသိမ်းတယ်။ အဲဒါကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ အပြောင်းအလဲ တိုင်းမှာ လက်နက် ပါဝင်နေတာကို တွေ့ကြရမှာပါ။ နောက် တော်လှန်ရေး ကာလကြီးထဲ အအောင်မြင်ဆုံး အချိန်ဟာ ဗကပနဲ့ ကရင်တော်လှန်ရေး တပ်များ အင်းစိန်အထိ ရောက်လာခဲ့တဲ့ ပွဲပါပဲ။ အဲဒါလည်း လက်နက်ကိုင် တိုက်ခိုက်ပွဲပါ။
ကျနော်တို့ မြန်မာတွေ အဲဒီသမိုင်းကို ပြောင်းပြန်လှန်နိုင်ဖို့ လက်နက် မကိုင်ပဲ ကြိုးစားခဲ့ကြပါတယ်။ ၆၂၊ ၈၈၊ ၉၆ ကြားထဲမှာ ရှိပါသေးတယ်။ ထားပါတော့... အဲဒီဟာတွေ တစ်ခုမှ မအောင်မြင်ခဲ့ပါဘူး။ ပြည်သူတွေပဲ အပျက် အပျက်နဲ့ နှာခေါင်းသွေးထွက် ခဲ့ကြရပါတယ်။ အဖြေကတော့ ကျနော်တို့က လက်နက်ကို မေတ္တာနဲ့ တိုက်ခဲ့ကြလို့ ဖြစ်ပါတယ်။ တစ်ခါတလေကျတော့ မေတ္တာဟာ ဘယ်လိုမှ အသုံးမ၀င်တာမျိုး ဖြစ်တတ်ပါတယ်။ ခွေးက အတင်း လာကိုက်လို့ ကျနော် မပြေးဘဲ၊ ပြန်မရိုက်ဘဲ မေတ္တာပဲ ထိုင်ပို့နေရင် အကျိုးဆက်ကတော့ ခွေးကိုက်ခံရလို့ ကာကွယ်ဆေး ထိုးရမှာသာဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုတာက ရှင်းရှင်းပြောရရင် အခုချိန်ဟာ ဦးသန့် ခေတ်လည်း မဟုတ်တော့ပါဘူး။ ကုလသမဂ္ဂကို အလှုငွေ အများဆုံး ထည့်နိုင်တဲ့ နိုင်ငံထဲလည်း မြန်မာ မပါပါဘူး။ ရှင်းရှင်းပြောရရင် အမေရိကန် မျက်စိကျစရာ သံယံဇာတတွေလည်း မြန်မာပြည်မှာ ရှားပါးကုန်ပါပြီ။ ဒါဟာ သူတို့နိုင်ငံလဲ မဟုတ်ပါဘူး။ ဘယ်သူမှ လာပြီး မကယ်နိုင် တော့ပါဘူး။ ကျနော်တို့ နိုင်ငံရဲ့ ကံကြမ္မာကို ကိုယ့်ဟာကိုယ်သာ ဖန်တီးရတော့မဲ့ အခြေအနေကို ရောက်နေပါပြီ။
လက်နက်ကိုင် တော်လှန်ရေးဟာ အမှန်တကယ်ကို လိုအပ်နေတဲ့ အခြေအနေကို ရောက်နေပါပြီ။ ရဲရင့်တဲ့ ပြည်သူ့ သူရဲကောင်းများကို နိုင်ငံတော်က အလိုရှိနေပါတယ်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာ ကမ္ဘာက အကြမ်းဖက်၊ Terrorism ဆိုပြီး ဆန့်ကျင်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ကျနော်တို့ အတွက်တော့ တော်လှန်ရေးသာ ဖြစ်ပါတယ်။ အချို့ကလည်း လက်နက်ကိုင် တော်လှန်ရေး ဆိုတော့ ဘယ်မလဲ လက်နက် ဆိုပြီး ပျက်ရယ်ပြုချင် ကြပါလိမ့်မယ်။ ကျနော်တို့မှာ လက်နက်တွေ ရှိကြပါတယ်။ ၈ လေးလုံး ကတည်းက လက်နက်တွေ ရှိခဲ့ကြတာပါ။ ဂျင်ဂလိ ဘယ်လို လုပ်ရမယ် ဆိုတာကို ကျနော်လို ကောင်က လာရေးပြနေရင်တော့ အရေးအခင်း အတွေ့အကြုံရှိပြီးသား ပြည်သူတွေက ၀ါးလုံးကွဲအောင် ရယ်ချလိုက် ကြမှာပါပဲ။ ကျနော် ထပ်ရှာတွေ့ထားတဲ့ အထောက်အကူလေးတွေ တင်ပေးထားပါမယ်။
Molotov cocktail (ဗုံး) လုပ်နည်း။
လက်နက်ကိုင် တော်လှန်ရေးရဲ့ အနိမ့်ဆုံး အဆင့်အနေနဲ့ ကိုယ့်တိုက်ရှေ့ကနေ စစ်သားတွေ ချီတက်ရင် ခေါင်းပေါ် အုတ်ခဲ ပစ်ချတာတို့၊ အခြား လေးလံတဲ့ (အထိနာမဲ့) ပစ္စညှ်းတွေ ပစ်ချတာတို့၊ ဘေးမှာ ရောက်နေရင် ဂျင်ဂလိနဲ့ ပစ်တာတို့၊ လူတစ်ယောက်ကို ၀ိုင်းဆွဲနေရင် ဘေးမှာရှိတဲ့ လူတွေက ထွက်ရိုက်တာတို့၊ ခဲနဲ့ ၀ိုင်းပေါက်တာတို့ လုပ်နိုင်ပါတယ်။ တိုက်ခန်းတွေမှာ လေးခွတွေ ဆောင်ထားစေချင်ပါတယ်။ တိုက်ပေါ်ကနေ လှမ်းပစ်နိုင်ပါတယ်။ ဘာပဲပြောပြော တစ်နေရာက တစ်ယောက်ယောက်ကို ဖမ်းဖို့ သွားတဲ့အချိန် ခများတို့ရဲ့ ပစ်ချက်တွေကြောင့် နှောင့်နှေးသွားမယ် ဆိုရင် တော်တော် ကောင်းတဲ့ ကိစ္စပါ။
အခုဆို နေရာလဲတဲ့ ချင်းစစ်သားတွေ၊ အခြားမြို့က စစ်သားတွေထက်ဆို နယ်ခံတွေက ဘယ်လိုပဲ ပြောပြော လမ်းပိုကျွမ်းပါတယ်။ ကျနော်တို့ မြို့တွင်း ပျောက်ကြား စစ်ပဲ ဆင်နွှဲလို့ ရနိုင်ပါတယ်။ အဲဒီအခါမှာ ဘယ်နေရာကမှန်း မသိပဲ လည်ပင်းထဲကို ဂျင်ဂလိ သံချောင်း စိုက်ဝင်သွားတာမျိုးတွေ လုံထိန်းနဲ့ စစ်သားတွေ ကောင်းကောင်း ကြုံကြရတော့မှာပါ။ အဲဒီတော့မှ ဦးနေ၀င်း ပြောခဲ့တဲ့ ဓါးဓါးခြင်း လှံလှံခြင်း ဆိုတာ အကောင်အထည် ပေါ်လာမှာပါ။ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေး စနိုင်ပြီဆိုရင် ပြည်သူနဲ့ ပူးပေါင်းတဲ့ တပ်မတော် သားကောင်းတွေ ပါဝင်တဲ့ တပ်တွေလည်း လက်နက်တွေနဲ့ တကွ ပူးပေါင်းကြ စေချင်တယ်။
အခု စစ်သား ငါးသိန်း ရှိတယ် ထားပါတော့၊ အဲဒါ ၀င်ပူးပေါင်းလာမဲ့ တပ်မတော် သားကောင်းတွေကိုပါ ထည့်တွက် ထားတာပါ။ အဲဒီတော့ ဒီ ငါးသိန်းက လူတွေ လျော့ဦးမှာပါ။ ပြည်သူက သန်း ၆၀ ခန့် ရှိပါတယ်။ အချိုးနဲ့ ကြည့်ရင် အရမ်းကွာပါတယ်။ ကျနော်တို့က သူတို့လက်ထဲက သေနတ်ကို ကြောက်တာပါ။ သူတို့ကကျတော့ ကျနော်တို့ကို ကြောက်တာပါ။ သူတို့ လက်ထဲမှာ လက်နက်မရှိတော့ရင် သူတို့ ဘ၀ ဆုံးပေမဲ့ ကျနော်တို့မှာက လူမသေသ၍ သူတို့ကို ဒုက္ခပေးနိုင်ပါသေးတယ်။
သေနတ်သမားတွေကို ငှက်ကြီးတောင် ဓါးနဲ့ ထချခဲ့တဲ့ တောင်သူလယ်သမား ကြီးတွေ၊ အခြား မြန်မာ့ သူရဲကောင်းကြီးတွေနဲ့ မြန်မာတွေ ရဲရင့်ခဲ့ကြတယ် ဆိုတာဟာ အိပ်ရာဝင် ပုံပြင်တွေပဲ ဖြစ်ကြတော့မှာလား။
နိုင်ငံတော်မှ သင့်ကို အလိုရှိသည်။




13 comments:
Agreed.
ခုလောလောကတော့ ခင်ဗျားပြောတာလက်ခံတယ်။ နောက်ပြီး ကျောင်းသားတပ်မတော်ကဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေကဖြစ်ဖြစ်၊ တဦးတယောက်တဖွဲ့လောက် လွှတ်ပြီး လုပ်ကြံတဲ့ အစီအစဉ်မျိုးက ဆိုရင်ကော။ အရင်က ပုဇွန်တောင်ဘူတာမှာ ရထားကို ဗုံးခွဲတာတို့၊ မြန်မာ့အသံကို လောင်ချာနဲ့ ထုတာတို့ ကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့ဘူးတာရှိတယ်။
သူပုန်လိုဂိုလဲ မ သွားတယ်။ ခုလောလောဆယ်တော့မသုံးသေးဘူး။ ကလူသစ်ရဲ့ ဘလော့ဂ်က တခြားနည်းနဲ့ပတ်သွားနေလို့ပါ။
That might be the best way. Important thing is unity.
Cheer Guy,
We, MMEDWatch,copy and post this article and we add you in our blog as 'Honorable Blogger List'.
We also take your "Revolutionary Bloggers" logo.
May we urge you that to draw 'Blogger - Internet Activist', just suggestion.
cheer,
MMEDWatch
i agree with you htoo myat coz the more i see my people running on the streets, being chased & shot by the military thugs, the less i believe in non-violence.
non-violence worked with british coz they are compassionate, well more compassionate than the thugs!!! but these military thugs, the only thing they know, how to oppress their own people. no matter how many people die, they don't give a shit. on the contrary, the more we die, the better for them!! about who do you think they would care except for their family??? no one!!! they dare to kill the monks.
i think they would even dare to beat our lord buddha if it were they way not to loose their power!!!
what are they afraid of?? of hell??? no way!!! coz they dare to beat and kill the monks!! the only thing they are afraid of is, of loosing their life and of being fought back!
we don't need to fight them back several times. ONLY ONCE. just make them know that we fight back ... for only once .... they will be afraid of us and in the future, they will definitely think twice before they shoot us!
we don't need to have arms to fight them back. just throw them with stones to death. we have "lay gwa" as well. how about "gin kali"??
i think non-violence works ONLY in democracy countries, not, never with than shwe & thugs.
i'm waiting impatienly for ABSDF or
some armed group come and save my country and my people. what we need is unity & real leaders but not wanna be leaders!!
to be more explicit, when i said wanna be leaders, i thought of moe thee zun and salai ko ko oo.
i came across their speeches to people in you tube, i prayed hard for the other members of ABSDF not to be like them. as i said before, i'm waiting for ABSDF to come and safe my own people but when i remember what i saw in you tubes, i don't have much hope for ABSDF (this is not to insult those who are currently in ABSDF, i'm proud of them).
what are they doing with a glass of whisky in a hand while making a speech to people?? what do you think who they are??? hollywood actors?? i found it very insulting manner not only to people but also to ABSDF.
it was the first time i saw salai ko ko oo (never heard of him before) but when i saw his speech & that of moe thee zunin you tube, i got really depressed and all the hopes i got for ABSDF suddenly went to the drainage. so bad :-(
we can beat the f****** army
with simple weapons..
Agree with u Ko FatPunk..
Also one more thing to note is this is no longer a Democracy movement. It is a movement for independence. Burma is under colonial rule by a ruthless Dictator who is against human rights and Buddhism. We have to convince level headed commanders in the Army to overthrow this ruthless Dictator. The danger is if we don't take harsher action we will become another North Korea. We have to also target their family. We have to show them the terror they have shown us for many years.
MMed watch ကို ကျေးဇူးတင်ပါတယ်။ ကျနော့် Logo က ကျနော် သူပုန်ဆိုတဲ့ စာသားကိုသာ ပိုသဘောကျမိလို့ပါ။ ကျေးဇူးပါခမျ။
ဟုက်တယ်..ကိုထူးမြတ်ပြောတာ.. အရမ်းလက်တွေ့ကျတယ်.. ဒါမျိုးပဲဖြစ်ရမှာ...
ငြိမ်းချမ်းစွာတောင်းဆိုတာတို့ အချိန်မကျသေးဘူးတို့ပြောတဲ့လူတွေ... မြန်မာပြည်ပြာကျမှအချိန်ကျမှာလား... ငြိမ်းချမ်းစွာတောင်းဆိုတယ်ဆိုတာ အသိစိတ်ရှိတဲ့ လူတွေကိုပဲရမယ်.. ဥပမာ.. ခွေးရူးကို မကိုက်ပါနဲ့ဆိုပြီး သွားဖြဲပြနေလို့မရဘူးလေ
ငြိမ်းချမ်းစွာတောင်းဆိုလိုက်လို့.. နိုင်ငံတကာရဲ့ ဂရုစိုက်မှုပိုရမယ်.. ဟုက်တယ်..
ဒါပေမဲ့ ဒီတိုင်းပဲ ဆက်သွားလို့ကတော့ .. ၈၈ တုန်းကလိုပဲ.. လူတွေ ဘုန်းဘုန်းတွေ သေရတာပဲ အဖတ်တင်တယ်..
ထောက်ခံတယ် ထူးမြတ် ။ ဒီပို့စ်ကို အမ ဘလော၈့်မှာ ပြန် ဝေငလိုက်တယ် ။
ဒီပို့စ်မှား မခင်မျိုးရေးသွားတဲ့ ကွန်မန့်ကလည်း အတော်လေး ထိရောက်တယ် ။ အဲဒီခေါင်းဆောင်တွေ ဘယ်ရောက်နေလဲဆိုတဲ့မေးခွန်းကိုတော့ အမလည်း မေးချင်တယ် ။
ထူးမြတ်ပြောတာ သာမန်အားဖြင့်ဆိုရင် ဖြစ်နိုင်ချေရှိပေမဲ့ တကယ့်လက်တွေ့မှာ အခက်အခဲ ရှိနိုင်ပါတယ်။
ပြည်တွင်းမှာ တကယ်တမ်း ဘယ်လို ကြုံတွေ့ ရင်ဆိုင်နေရတယ်ဆိုတာ ပြည်ပကလူတွေအနေနဲ့ သေချာ မသိနိုင်ပါဘူး။
ကိုယ့်တိုက်ရှေ့က စစ်သားတွေချီတက်ရင် အုတ်ခဲပစ်ချတာတို့ … စသဖြင့်လုပ်ဖို့က ပြောတော့လွယ်ပါတယ်။ ၈၈ အရေးအခင်း တုန်းက ဂျင်ဂလိတို့ ပုလင်းဗုံးတို့နဲ့ အဲဒီလိုတွေ တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီတုန်းက သူတို့ အလစ်အငိုက် ခံခဲ့ကြရတယ်။ ဒါပေမဲ့ အခု စက်တင်ဘာ အရေးအခင်းမှာ အဲဒီလို တိုက်ခိုက်တဲ့ရပ်ကွက်တွေကို စစ်တပ်က အညှိုးထားပြီး ချေမှုန်းတာခံရပါတယ်။ ဒီ လမ်းတလမ်းက သူတို့ကို တစုံတရာ နှောက်ယှက်ရင် လမ်းသူလမ်းသား အားလုံးကို အရေးယူတယ်။ အဲဒီလိုပဲ ရပ်ကွက်မှာလဲ တူတူပါပဲ။ ၈၈ တုန်းက စစ်သားတွေဟာ နယ်မြေကို သိပ်မကျွမ်းကျင်ကြဘူး။ အခု စစ်သားတွေက ဒီလိုမဟုတ်ဘူး။ မကျွမ်းကျင်သူတွေ ရှိပေမဲ့ နယ်မြေကျွမ်းကျင်သူ နယ်ထိန်းတွေ လုံထိန်းတွေ ရဲတွေပါပါတယ်။ နေရာတခုကို ၀င်ပြီး ချေမှုန်းမယ်ဆိုရင် စစ်ကား၊ ရဲကား၊ မီးသတ်ကားနဲ့ ဖမ်းဆီးမိသူတွေကို တင်ဆောင်ဖို့ ဒိုင်နာကား သို့မဟုတ် ဘတ်စ်ကား အလွတ်ပါ ပါပါတယ်။
ဒီတော့ တကယ့်လက်တွေ့မှာ ပြည်သူတွေဟာ ရရာလက်နက်ကိုင်စွဲတိုက်ဖို့ ဖြစ်နိုင်ချေ အတော်နည်းပါတယ်။ ကိုယ်က တိုက်ချင်တယ်ထားအုံး။ ကိုယ့်လမ်းသူလမ်းသား ကိုယ့်အိမ်သားတွေပါ ဖမ်းဆီး စစ်ဆေးခံရမယ် … နောက်ဆုံး တလမ်းလုံးပါ ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့ရနိုင်ပါတယ်။ သူတို့ရဲ့ စစ်ဆင်ရေးက အဲဒီလိုပါ။
အခု နအဖ လက်အောက်က စစ်သားတွေ အင်္ဂလိပ် ခေတ်က စစ်သားတွေထက် ဆိုးပါတယ်။ ငှက်ကြီးတောင် ဓားနဲ့ ထချလို့ရတဲ့ အခြေအနေမှာ မရှိပါဘူး။ ဒါဆို ဘယ်လို တိုက်ခိုက်မလဲ … ။ စဉ်းစားရပါမယ်။ ချောက်တီး ချောက်ချက် ဂျင်ဂလိ တို့ အုတ်ခဲကျိုးတို့နဲ့ ပစ်တာထက် … မခင်မျိုးချစ် ပြောသလို … ဗမာပြည်မှာ ကျောင်းသားတပ်မတော် (ABSDF) အပါအ၀င် လက်နက်ကိုင်တော်လှန်သူ (နအဖ စကားအရ လက်နက်ကိုင်သောင်းကျန်းသူ) အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ အဲဒီအဖွဲ့အစည်းေ တွ အားလုံး လောလောဆယ် ညီညွတ်စွာ စုပေါင်း၇ပါမယ်။ ပြီး၇င် မြေအောက်တော်လှန်ရေးသမားတွေ ဖွဲ့စည်းကာ ဒေသအသီးသီးကို စေလွှတ်ပြီး အမြို့မြို့အနယ်နယ်က လူငယ်တွေကို သိမ်းသွင်း စည်းရုံးလို့ အခြေခံ စစ်ပညာသင်ကြားပေးရပါမယ်။ လက်နက် နဲ့ အခြေခံစစ်ပညာရပ် တတ်ကျွမ်းပြီးနောက် တော်လှန်မှသာလျှင် အောင်မြင်တဲ့ တော်လှန်ရေးတရပ် ပေါ်ပေါက်နိုင်မယ်လို့ ထင်မြင်ယူဆမိပါတယ်။
After drinking Wiskey and eating fry chicken at third countries,can these people go back to jungle and fight?But some of these people are still talking to catch the elephant and tiger but they dont want to go back to jungle.They need to eat Thakin Than Tun,Thakin Zin,Chit"s shit.These people scarified that they belive.Live in jungle about 20 years.Unbeliveable
Post a Comment